တောင်ကိုရီးယား လေယာဉ် အမြီးပိုင်း မီးလောင်ခဲ့ပေမယ့် ခရီးသည်နဲ့ဝန်ထမ်းအားလုံး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့
မဲခေါင်၊ ဇန်နဝါရီ ၂၉
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က ဂင်ဟေး နိုင်ငံတကာ လေဆိပ်မှာ ဇန်နဝါရီ ၂၈ ရက်ညက ဘူဆန်လေကြောင်းလိုင်းပိုင် လေယာဉ် အမြီးပိုင်း မီးလောင်နေတဲ့ကြားက ခရီးသည်အားလုံးရော လေယာဉ်ဝန်ထမ်းအားလုံးပါ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
ဟောင်ကောင်-ဘူဆန် သွား လေယာဉ်ဟာ အမြီးပိုင်း မီးလောင်နေခဲ့တာကြောင့် ခရီးသည်တွေကို မီးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခိုင်းရင်း လေယာဉ်မောင်နဲ့ လေယာဉ်ဝန်ထမ်းတွေဟာ လေဆိပ်မှာ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့တာဖြစ်ပြီး လေယာဉ် ဝန်ထမ်း ၇ ယောက်၊ ခရီးသည် ၁၆၉ ယောက်စလုံး ဘေးကင်းခဲ့ကာ ၃ ယောက် ဒဏ်ရာရရှိမှုကလည်း အသေးအဖွဲဒဏ်ရာတွေသာ ဖြစ်ပါတယ်။
ဒီဇင်ဘာလက တောင်ကိုရီးယားနိုင်ငံမှာ ဝမ်းနည်းဖွယ်ရာအကောင်းဆုံး လေယာဉ်ပျက်ကျမှုအဖြစ် မူအန်းလေဆိပ်မှာ ဂျယ်ဂျူးလေကြောင်းလိုင်းပိုင် လေယာဉ် ဆင်းသက်စဉ် ပြေးလမ်းအနီး ကွန်ကရစ် တာဝါတိုင်အဆောက်အအုံနဲ့ တိုက်မိပြီး လေယာဉ်ပေါ် လိုက်ပါသူ ၁၈၁ အနက် ၂ ဦးသာ အသက်ရှင်ခဲ့တဲ့ ဖြစ်ရပ် ဆိုး ကြုံတွေ့ခဲ့ရပါသေးတယ်။
Ref:Khaosod
MKF-001
#MeKongNews








