ဘန်ကောက်မှာ ကမ္ဘောဒီးယား အတိုက်အခံအမတ်ဟောင်းကို အနီးကပ် လုပ်ကြံသူ ဖမ်းမိ
မဲခေါင်၊ ဇန်နဝါရီ ၉
ကမ္ဘောဒီးယား အတိုက်အခံပါတီအမတ်ဟောင်း ဘန်ကောက်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ပစ်သတ်သွားသူကို ထိုင်းအာဏာပိုင်အဖွဲ့အစည်း ပေါင်းစုံက အပူတပြင်း ပိတ်ဆို့ ရှာဖွေခဲ့ပြီးနောက် ပစ်ခတ်သူကို ဇန်နဝါရီ ၈ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အမတ်ဟောင်းကို အနီးကပ်သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ပြီးနောက် ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတဲ့သူဟာ ထိုင်းရေတပ် တပ်ကြပ်ဟောင်းဆိုသူဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်လက်ထက်ကတည်း က အတိုက်အခံပါတီခေါင်းဆောင်အဖြစ် နောက်ဆုံးအထိ တွန်းလှန်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ မတတ်နိုင်တော့ဘဲ ပါတီ ဖျက်သိမ်းပေးခဲ့ရတဲ့ လင်မ်ကင်မ်ယာ ဘန်ကောက်မှာ လုပ်ကြံခံရမှုကြောင့် ထိုင်းနိုင်ငံအပေါ် ဝေဖန်မှုများစွာ ရှိလာခဲ့တာပါ။
ထိုင်းတော်ဝင်ရေတပ် တပ်ကြပ်ဟောင်းကို မြေလှန် ရှာဖွေခဲ့ရာမှာ ကမ္ဘောဒီးယားနိုင်ငံထဲကို နယ်စပ်ဂိတ်တစ်ခုကနေ လွတ်မြောက်သွားခဲ့ပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား အာဏာပိုင်တွေပူးပေါင်းပြီး လိုက်လံ ရှာဖွေရာမှာ နယ်စပ်ကနေ မြို့တော် ဖနောင်ပင်ဆီ ဘတ်စ်ကားနဲ့ လိုက်ပါ သွားကြောင်း သိရှိခဲ့ရပါတယ်။
ဒါပေမဲ့ ဒီဘတ်စ်ကားဟာ ထမင်းစား တစ်ထောက်နားမှုအဖြစ် ပရေးဆေး ခရိုင်ခွဲ မှာရပ်နားစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
တရားခံကတော့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က စစ်ဆေးစရာတွေ စစ်ဆေးဖို့ ဘန်တန်ဘန်းခရိုင် ရဲဌာနချုပ်ကို ခေါ် ဆောင်သွားကြောင်း ထိုင်း Matichon မီဒီယာက ဖော်ပြသွားပါတယ်။
Ref: matichon
MKF-001
#MeKongNews








