မြောက်ကိုရီးယားမှာ ဟော့ဒေါ့ရောင်းသူတွေနဲ့ ကွာရှင်းလင်မယားတွေကို ဖမ်းဆီး
မဲခေါင်၊ ဇန်နဝါရီ ၇
အာဏာရှင် ကင်ဂျုံအန်ဟာ အနောက်ယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့ ပြုလုပ် ရောင်းချသူတွေကို အမြစ်ဖြတ်ချေမှုန်းပိတ်ပင်ဖို့ စီမံကိန်းချမှတ် ဖမ်းဆီးခိုင်းထားပြီး ချွေးတပ်ထဲ အကျဉ်းသားအဖြစ် ဖမ်းဆီးထားရှိနေကြောင်း သိရပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဒီနေ့အထိ ခွေးသားစားခြင်းကိုတော့ မပိတ်ပင်ဘဲ စားသုံးစေခိုင်းထားပေမယ့် ဟော့ဒေါ့ဟာ အနောက်ယဉ်ကျေးမှုကနေ ကူးစက်လာတဲ့ အစားအစာဖြစ်လို့ လမ်းပေါ် ထုတ်လုပ်ရောင်းချသူအားလုံးကို ပြုံယမ်းမြို့မှာ အင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးကာ ချွေးတပ်ကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၁၇ ခုနှစ်က အနောက်နဲ့ တောင်ကိုရီးယား ထောက်ခံသူတွေ တင်ပို့ရောင်းချခဲ့တဲ့ Budae-jjigae ကိုလည်း ဘယ်စျေးသယ်မှ ရောင်းချရဲတော့ခြင်းမရှိဘဲ ပိတ်သိမ်းလိုက်ကြောင်းလည်း အတွင်းသတင်းအရ သိရပါတယ်။
ကင်ဂျုံအန်ဟာ အစွန်းရောက်ပြီး ခပ်ကြောင်ကြောင် ဥပဒေတွေ ပြဌာန်းလို့ မတရား ဖမ်းဆီးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေခဲ့ရာမှာ အခုနောက်ဆုံး အိမ်ထောင်ကွာရှင်းပြတ်စဲတဲ့ စုံတွဲတွေဟာ ဆိုရှယ်လစ်စံနှုန်းကို ချိုးဖောက်တာဖြစ်လို့ ရာဇဝတ်မှုနဲ့ နှစ်ယောက်စလုံးကို ချွေးတပ်မှာ ၆ လ ကျခံစေကြောင်းလည်း သိရှိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews








