တောင်ကိုရီးယားသမ္မတဟောင်း အဖမ်းမခံဘဲ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ဆို
မဲခေါင်၊ ဇန်နဝါရီ ၃
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုက သူ့ကို ထောက်ခံပြီး သမ္မတအိမ်တော်ရှေ့ နေ့ညမပြတ် စောင့်ကြပ်ပေးနေတဲ့ ပရိသတ်တွေကို လက်မြှောက်အရှုံးမပေးဘဲ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ် ကြောင်း ရှေ့နေကနေတစ်ဆင့် ရိုက်တာသတင်းဌာနဆီ ထုတ်ပြန်ချက် ပေးပို့သွားပါတယ်။
တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံးက မာရှယ်လော ထုတ်ခဲ့တဲ့ သမ္မတဟောင်း ယွန်းဆက်ယိုကို တရားရုံးမှာ စုံစမ်းစစ်ဆေးခံဖို့ ၃ ကြိမ်ဆင့်ခေါ်ရာမှာ လာရောက်ခြင်းမရှိသလို သမ္မတ အိမ်တော်ထဲကလည်း ထွက်မလာ၊ ဝင်မယ့်ရဲတပ်ဖွဲ့ တွေကိုလည်း သက်တော်စောင့်တပ်က တားဆီးနေ တဲ့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့မှာပဲ ဖမ်း၀ရမ်းထုတ်ပြီး ဇန်နဝါရီ ၆ ရက်နောက်ဆုံးထားလို့ ဝင်ရောက်ဖမ်းဆီး မှာဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ယွန်းဆက်ယိုက သူ့ကိုထောက်ခံတဲ့ ပြည်သူတွေနဲ့အတူ တိုင်းပြည်ကို အတူတကွ နောက်ဆုံးအချိန်အထိ ကာကွယ်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်သွားပါတယ်။
လွှတ်တော်အတွင်း အမတ်နေရာအများစုကို ပိုင်ဆိုင်ထားတဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက ယွန်းဆက်ယိုကို အယုံအကြည်မရှိအဆိုနဲ့ မဲခွဲပြီး သမ္မတ ရာထူးကဆိုင်းငံ့လို့ ယာယီသမ္မ အစားထိုးခန့်အပ်ကာ မာရှယ်လောထုတ်မှုဟာ တိုင်းပြည်သစ္စာဖောက်မှု ဟုတ် မဟုတ် စစ်ဆေး အပြစ်ပေးသွားရမှာဖြစ်ကြောင်းနဲ့ ဇန်နဝါရီ ၆ ရက်မှ စစ်ဆေးမခံရင် သမ္မတရုံးအိမ်တော်ထဲထိ ဝင်ဖမ်းဆီးပြီး တားဆီးသူမှန်သမျှ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိ သူ ဂျိုဆောင်းလီက လက်ရှိ ဖမ်း၀ရမ်းထုတ်ပြီး ဇန်နဝါရီ ၆ ရက်နောက်ဆုံးထား စစ်ဆေးခံဖို့၊ မလာရင် ဝင်ဖမ်း မယ်လို့ ထုတ်ပြန်ခဲ့မှုတွေကတောင် ယွန်းဆက်ယိုဘက်က ပြောင်းလဲမှုမရှိလို့ ထိရောက်တဲ့ အစီအမံတွေနဲ့ ဖမ်းဆီးရမှာဖြစ်ကြောင်းလည်း ထပ်မံ ထုတ်ပြန်သွားပါတယ်။
Ref: telegraphindia
MKF-001
#MeKongNews








