စစ်အာဏာသိမ်းဖို့ကြံစည်မှုနဲ့ လေယာဉ်ပျက်ကျမှုတွေကြောင့် တောင်ကိုရီးယား ပြည်သူတွေ နှစ်သစ်ကူးညမှာ ငြိမ်သက်ဆုတောင်း
မဲခေါင်၊ ဇန်နဝါရီ ၂
တောင်ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူးည ပွဲတော်ဟာ အရင်ကလို ပျော်ရွှင်စရာအတိမရှိတော့ဘဲ ဆိုးလ်မြို့ နယူးရီးယားညမှာ လူအုပ်ကြီးဟာ ၂၀၂၄ ခုနှစ်အတွင်းကြုံခဲ့ရတဲ့ နာကျင်ဝမ်းနည်းရမှုတွေကြောင့် ငြိမ်သက် ဆုတောင်းခြင်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ဒီဇင်ဘာလအတွင်း သမ္မတ ယွန်းဆက်ယိုက စစ်အာဏာသိမ်းမှု မာရှယ်လော ဥပဒေထုတ်ပြန်ခဲ့လို့ ဒီမိုကရေစီ နိုင်ငံအဖြစ်တိုးတက်နေမှုကို သမိုင်းတွင်တဲ့ ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သလို ရက်ပိုင်းအတွင်းကပဲ ဂျယ်ဂျူးလေကြောင်းလိုင်း ပျက်ကျမှုမှာ လိုက်ပါသူ ၁၈၁ ယောက်အနက် ၁၇၉ ယောက်ပါ သေဆုံးခဲ့ရလို့ တစ်နိုင်ငံလုံး ပူဆွေးသောကကြီးစွာ ရောက်ခဲ့ရပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးက ပျော်ရွှင်စွာဆင်နွှဲကြတဲ့ နှစ်သစ်ကူးညပွဲတော်မှာ ဆိုးလ်မြို့ နှစ်ကူးချိန် (Countdown) စည်တော် (Bosingak bell) တီးချိန် ဝမ်းနည်းစွာနဲ့ ခေါင်းငုံ့ ငြိမ်သက် ဆုတောင်းမှုတွေ လုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒေသန္တရ အုပ်ချုပ်ရေးတာဝန်ရှိသူများစွာဟာ နေရာပေါင်းများစွာမှာလည်း နှစ်ကူးပျော်ပွဲရွှင်ပွဲတွေ ကျင်းပခြင်း မလုပ်ဖို့ တောင်းဆိုပိတ်ပင်မှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
သေဆုံးသူပေါင်း ၅ ယောက်ဟာ ၁၀ နှစ်အောက်ကလေးတွေဖြစ်ပြီး အငယ်ဆုံးဖြစ်တဲ့ ၃ နှစ်သားလေး လေယာဉ်ပြတင်းက ငေးနေတဲ့ ဓာတ်ပုံတွေ လည်း လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် တစ်ကမ္ဘာလုံးပျံ့နှံ့သွားပြီး ဝမ်းနည်းစိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရပါတယ်။
Ref: thesun
MKF-001
#MeKongNews









