ပါကစ္စတန် မင်္ဂလာပွဲမှာ သတို့သားဖခင်က လေယာဉ်ပေါ်ကနေ ရူပီးသန်းချီ ကြဲချ
မဲခေါင်၊ ဇန်နဝါရီ ၁
မင်္ဂလာပွဲတစ်ခုပေါ်ကနေ လေယာဉ်နဲ့ သန်းပေါင်းများစွာ ပမာဏရှိတဲ့ ငွေတွေ ကို ကြဲချတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့နေပြီး ဒီဖြစ်စဉ်ဟာ လူအများစု ဆင်းရဲမွဲတေစာရင်းသတ်မှတ်ခံ ပါကစ္စတန်နိုင်ငံမှာဖြစ်ပွားခဲ့တာလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စ ဖြစ်ပြီး သတို့သမီးဧည့်ကြိုလက်ခံရာ ဝန်းထဲမှာ ခင်းကျင်းထားတဲ့ စားပွဲတွေပေါ်က ဧည့်ပရိသတ်တွေအားလုံး လေယာဉ်ကို ထမော့ကြည့်ငေးမောနေရာက ကျဲချလာတဲ့ စက္ကူသဏ္ဍန်တွေဟာ နီးလာလေ ရူပီးငွေသန်းနဲ့ချီတဲ့ ငွေတွေဖြစ်နေလို့ အံ့ဩတကြီး လိုက်လုကြရတာ ဖြစ်ပါတယ်။
ဒီ လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ ဒေသတွင်းသတင်းတွေမှာတော့ ဟိုင်ဒရာဘတ်မြို့နေ သတို့သားဖခင်ဖြစ်သူဟာ သားဖြစ်သူမင်္ဂလာပွဲမှာ Surprise လုပ်ပြီး လာရောက်ကြဲချပေးသွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ဆင်းရဲသူတွေ များစွာရှိတဲ့ တောင်အာရှနိုင်ငံတွေမှာ ဒီလို ငွေကြေး အလွန်အကျူး ကျဲခြင်းမျိုး မြင်ရလေ့မရှိတာကြောင့် ဒီ ဗီဒီယိုနဲ့ပတ်သက်လို့ Comment များစွာမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဘ၀မှာ မသုံးသင့်ဆုံးသော ငွေသုံးနည်း တစ်မျိုး၊ မရှိဆင်းရဲသားတွေကို ကူညီပေးကမ်းခြင်းနဲ့ အသုံးပြုသင့်ဆုံးငွေတွေလို့ တစ်ဖုံ၊ သတို့ သမီးခမျာ ယောက္ခမအပေါ် တင်သွားတဲ့ အကြွေးတွေ တစ်သက် ဆပ်မကုန်တော့ပြီလို့ တစ်မျိုး ရေးသားဝေဖန် နေကြပါတယ်။
Ref:Thesun
MKF-001
#MeKongNews









