ကမ္ဘာ့သတင်း

ရုရှားကျူးကျော်ချိန် လန်ဒန်မှာရုံးထိုင်ဖို့ စီစဥ်ပေးခဲ့ပေမယ့် ဇီလန်းစကီး ပြည်ပြေးမလုပ်

မဲခေါင် 19 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၉ ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ ရုရှား စတင်ကျူးကျော်စဉ်က ယူကရိန်းအစိုးရဟာ လန်ဒန်ကိုပြောင်းရွှေ့ပြီး ရုံးထိုင်ဖို့ လျှို့ဝှက်အစီအစဉ်ရေးဆွဲခဲ့ပေမယ့် သမ္မတ ဇီလန်းစကီးခေါင်းဆောင်တဲ့ အစိုးရဟာ နိုင်ငံအတွင်းကရှောင်မပြေးဘဲ ရွပ်ရွပ်ချွံချွံ ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ယူကရိန်းရဲ့ ဗြိတိန်ဆိုင်ရာ သံအမတ်ဟောင်းက ဖွင့်ဟ ပြောဆိုပါတယ်။ ဒီလို ရွပ်ရွပ်ချွံချွံပြန်တိုက်ခဲ့တာကြောင့် ၃ နှစ်နီးပါး စစ်ပွဲကာလအတွင်း ရုရှားတပ်တွေ စစ်ရေးရည်မှန်းချက် ကျရှုံးခဲ့တာဖြစ်တယ်လို့ သံအမတ်ဟောင်း ဗက်ဒင်းပရက်စ်ကိုက ပြောပါတယ်။ ဒီအစီအစဉ်ဟာ ဇီလန်းစကီးနဲ့ ယူကရိန်းအစိုးရအဖွဲ့ဝင်တွေ ရေးဆွဲတာမဟုတ်ဘဲ သူကိုယ်တိုင်က အဲဒီအချိန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တိုင်ပင်ပြီး ယူကရိန်းအစိုးရအဖွဲ့ရဲ့ အရေးအပါဆုံး စာရွက်စာတမ်းတွေ၊ တန်ဖိုးကြီး နိုင်ငံ့ရတနာတွေနဲ့ ငွေကြေးတွေကို လန်ဒန်မှာ

မဲခေါင်၊ ဒီဇင်ဘာ ၁၉

ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ ရုရှား စတင်ကျူးကျော်စဉ်က ယူကရိန်းအစိုးရဟာ လန်ဒန်ကိုပြောင်းရွှေ့ပြီး ရုံးထိုင်ဖို့ လျှို့ဝှက်အစီအစဉ်ရေးဆွဲခဲ့ပေမယ့် သမ္မတ ဇီလန်းစကီးခေါင်းဆောင်တဲ့ အစိုးရဟာ နိုင်ငံအတွင်းကရှောင်မပြေးဘဲ ရွပ်ရွပ်ချွံချွံ ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ယူကရိန်းရဲ့ ဗြိတိန်ဆိုင်ရာ သံအမတ်ဟောင်းက ဖွင့်ဟ ပြောဆိုပါတယ်။

ဒီလို ရွပ်ရွပ်ချွံချွံပြန်တိုက်ခဲ့တာကြောင့် ၃ နှစ်နီးပါး စစ်ပွဲကာလအတွင်း ရုရှားတပ်တွေ စစ်ရေးရည်မှန်းချက် ကျရှုံးခဲ့တာဖြစ်တယ်လို့ သံအမတ်ဟောင်း ဗက်ဒင်းပရက်စ်ကိုက ပြောပါတယ်။

ဒီအစီအစဉ်ဟာ ဇီလန်းစကီးနဲ့ ယူကရိန်းအစိုးရအဖွဲ့ဝင်တွေ ရေးဆွဲတာမဟုတ်ဘဲ သူကိုယ်တိုင်က အဲဒီအချိန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တိုင်ပင်ပြီး ယူကရိန်းအစိုးရအဖွဲ့ရဲ့ အရေးအပါဆုံး စာရွက်စာတမ်းတွေ၊ တန်ဖိုးကြီး နိုင်ငံ့ရတနာတွေနဲ့ ငွေကြေးတွေကို လန်ဒန်မှာ ပြောင်းရွှေ့ ရုံးထိုင်ပြီး တွန်းလှန်စစ်အတွက် စီစဉ်ဖို့ ရေးဆွဲတင်ပြခဲ့တာလို့ ဗက်ဒင်းပရက်စ်တိုင်ကိုက ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ အဲဒီအချိန်တုန်းက ကျွန်တော်တင်ပြတဲ့ အဆိုပါ။ ဘောရစ်ဂျွန်ဆင်လည်း ယူကရိန်းကို သွားပြီး ဇီလန်းစကီးနဲ့ တွေ့ဆုံခဲ့အပြီး အစိုးရအဖွဲ့ဟာ လန်ဒန်မှာထိုင်ပြီး တော်လှန်ရေးအတွက် စီစဉ်ညွှန်ကြားနိုင်ဖို့သဘောနဲ့ ဒီအဆို တင်ပြခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း ကျူးကျော်မှု ခံရချိန် သမ္မတ ဇီလန်းစကီးရော အစိုးရအဖွဲ့ဝင်အားလုံးဟာ ပြည်ပြေးဘ၀အကြောင်း တစ်ခွန်းမှ မဟကြဘဲ အနောက် မဟာမိတ်တွေဆီက လက်နက်ခဲယမ်းအထောက်အပံ့ ရယူဖို့နဲ့ တစ်တိုင်းပြည်လုံး ခုခံတွန်းလှန်ကြဖို့ကိုပဲ ဆုံးဖြတ်ပြီး ရုရှားကို သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ခဲ့ကြတာ ပါ” လို့ ပြောပြသွားခဲ့ပါတယ်။

ရုရှားရဲ့ စစ်သည် သိန်းချီပြီး ယူကရိန်းနိုင်ငံထဲ စစ်ကြောင်း ၃ ကြောင်းနဲ့ စဝင်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလက ဇီလန်းစကီးပြည်သူကို မိန့်ကြားတဲ့ မိန့်ခွန်းမှာ “ ငါ ကိုယ့်မြေပေါ်မှာပဲ ရှိမယ်။ ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး။ ငါတို့ ကိုယ့်နိုင်ငံတော်ကို ကိုယ်ကာကွယ်ကြမယ်။ ငါတို့ရဲ့ လက်နက်က ယုံကြည်မှုပဲ။ ဒီမြေဟာ ငါတို့မြေ၊ ငါတို့ နိုင်ငံ၊ ငါတို့ ကလေးတွေ မှီတင်းနေထိုင်ရာ မြေမို့ ငါတို့အားလုံး ကာကွယ်ကြဖို့ပဲ ရှိတယ်။ အားလုံးကိုပြောချင် တာကတော့ ဘုန်းကျက်သရေတန်ခိုးနဲ့ ယူကရိန်းဆိုတဲ့စကားပဲ” လို့ ရဲရဲတောက် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ပူတင်ရဲ့ ရုရှားဟာ ယူကရိန်းကို စတင်ကျူးကျော်စဉ်က ရက်ပိုင်းအတွင်း မြို့တော် ကိဗ်အပါအဝင် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်မယ်လို့ တွက်ဆခဲ့ပေမယ့် အခု ၃ နှစ်နီးပါးကာလအတွင်း ယူကရိန်း နယ်မြေ ၁၀ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်သိမ်းပိုက်နိုင်ပြီး စစ်သည်အင်အားပေါင်း သိန်းချီ သေကြေပျက်စီး နေခဲ့ရပြီပဲဖြစ်ပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ဇလန်းစကီး
#ဗြိတိန်
#ထွက်ပြေး
#ရုံးထိုင်
#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now