မဲခေါင်၊ ဒီဇင်ဘာ ၁၇
ရုရှားနျူကလီးယားစစ်တပ်အတွက် အရေးပါလှတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဂေါကီရီလော့ဗ်နဲ့ လက်ထောက်ဖြစ်သူတို့ ဒီဇင်ဘာ ၁၇ ရက်က မော်စကိုမြို့မှာ ချိန်ကိုက်ဗုံးနဲ့ လုပ်ကြံသုတ်သင် ခံလိုက်ရပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟာ ရုရှားဓာတ်ရောင်ခြည်၊ ဓာတုနဲ့ ဇီ၀ဗေဒ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးဆုံး အရာရှိဖြစ်ကာ ဗုံးပေါက်ကွဲရာနေရာဟာ ကရင်မလင်နန်းတော် အရှေ့တောင်ဘက် ၄ . ၃၅ မိုင်အကွာမှာသာ တည်ရှိတဲ့ နေရာဖြစ်ပြီး ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ SBU ရဲ့ စကူတာမှာ ဗုံးတပ်၊ အကွက်ချ စီစဉ်လုပ်ကြံမှုဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလက စတင်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်မှုရဲ့ အဓိက အမိန့်ပေးစေခိုင်းသူဖြစ်လို့ ယူကရိန်းတရားရုံးက မျက်ကွယ် စစ်ရာဇဝတ်သားဆိုတဲ့ စွဲချက်နဲ့ ပြစ်ဒဏ် စီရင်ထားပြီးသူဖြစ်ပါတယ်။
အမေရိကန် သမ္မတသစ်ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ကတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ပေးထားတဲ့အမေရိကန်ထုတ် တာဝေးပစ် ATACMS ဒုံးကျည်တွေကို ရုရှားနိုင်ငံ အတွင်းပိုင်းထဲ ပစ်ခတ်ခွင့်ပေး လိုက်ခြင်ဟာ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒီရက်ထဲ ပြောကြားခဲ့ပါတယ်။
လက်ရှိ ယူကရိန်းနယ်မြေ ၅ ပုံ ၁ ပုံ ကို ရုရှားသိမ်းပိုက်ထားမှုမှာ ပြန်လည် နယ်မြေရချင်ရင် ပျက်စီးသွားတဲ့ မြို့တွေ ပြန်လည်တည်ဆောက်နိုင်ရေး နှစ်ပေါင်း ၁၀၀ ကျော် အချိန်ယူရမှာဖြစ်လို့ စစ်ပြီးဆုံးရေးကို လိုလားရင် မြို့ပျက်တွေကို ယူကရိန်းဘက်က စွန့် လွှတ်သင့်ကြောင်း ဒေါ်နယ်ထရမ့်က ယူဆချက်ကို ပြောကြားသွားပါတယ်။
Ref: hindustantimes
MKF-001
#MeKongNews
#ရုရှား
#နျူကလိယား
#ဗိုလ်ချုပ်ကြီး
#လုပ်ကြံ
#သုတ်သင်
#စကူသာ








