ကမ္ဘာ့သတင်း

အဆင့်မြင့်ဒုံးကျည်တွေ ထုတ်လုပ်သူ ရုရှားသိပ္ပံပညာရှင် မော်စကိုမှာ ပစ်ခတ်လုပ်ကြံခံရ

မဲခေါင် 14 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၄ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က ကျယ်ကျယ်ပြန့်ပြန့် အများဆုံး အသုံးပြုနေတဲ့ Kh-59 ခရုဇ်ဒုံးကျည် အဆင့်မြင့်တင်ထုတ်လုပ်နေသူ ရုရှားသိပ္ပံပညာရှင် မစ်ခေးရှတ်စကီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မော်စကိုမြို့ ကက်ဇမင်းစကီးသစ်တောဥယျာဉ်အတွင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ ရပါတယ်။ အခင်းဖြစ်စဥ်မှာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ ဥယျာဉ်ထဲက နှင်းပြင်ပေါ် လဲကျသေဆုံးနေတဲ့ လူတစ် ဦးဆီ ကယ်တင်နိုင်ဖို့ ရောက်လာတာသာသိရပြီး နောက်ပိုင်း သေဆုံးသူဟာ ပူတင်ရဲ့ စစ်တပ်အတွက် ယူကရိန်း စစ်ပွဲမှာ ဒုံးကျည်တွေကို အဆင့်မြှင်တင်တီထွင်ရာမှာ ဦးဆောင်လမ်းညွှန်သူ သိပ္ပံပညာရှင် မစ်ခေးဆလတ်စကီး ဖြစ်ကြောင်း ရုရှား အစိုးရပိုင် မီဒီယာတွေကပါ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပြေးရုရှားဂျာနယ်လစ်

မဲခေါင်၊ ဒီဇင်ဘာ ၁၄

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က ကျယ်ကျယ်ပြန့်ပြန့် အများဆုံး အသုံးပြုနေတဲ့ Kh-59 ခရုဇ်ဒုံးကျည် အဆင့်မြင့်တင်ထုတ်လုပ်နေသူ ရုရှားသိပ္ပံပညာရှင် မစ်ခေးရှတ်စကီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မော်စကိုမြို့ ကက်ဇမင်းစကီးသစ်တောဥယျာဉ်အတွင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ ရပါတယ်။

အခင်းဖြစ်စဥ်မှာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ ဥယျာဉ်ထဲက နှင်းပြင်ပေါ် လဲကျသေဆုံးနေတဲ့ လူတစ် ဦးဆီ ကယ်တင်နိုင်ဖို့ ရောက်လာတာသာသိရပြီး နောက်ပိုင်း သေဆုံးသူဟာ ပူတင်ရဲ့ စစ်တပ်အတွက် ယူကရိန်း စစ်ပွဲမှာ ဒုံးကျည်တွေကို အဆင့်မြှင်တင်တီထွင်ရာမှာ ဦးဆောင်လမ်းညွှန်သူ သိပ္ပံပညာရှင် မစ်ခေးဆလတ်စကီး ဖြစ်ကြောင်း ရုရှား အစိုးရပိုင် မီဒီယာတွေကပါ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပြေးရုရှားဂျာနယ်လစ် အလက်ဇန္ဒားနက်ဗ်ဇိုရော့ဗ်က နှင်းပြင်ပေါ် လဲကျသေဆုံးနေတဲ့ ဆလတ်စကီး ဓာတ်ပုံနဲ့တကွတင်ပြခဲ့ပြီး ဒီလူဟာ ယူကရိန်းပြည်သူပေါင်းများစွာကို သေကြေပျက်စီးစေတဲ့ ဒုံးကျည်တွေ အထူးပြုထုတ်လုပ်သူဖြစ်ကြောင်းနဲ့ Kh-59 ခရုဇ်ဒုံးကျည်တွေကို Kh-69 အဆင့် မြှင်တင်ထုတ်လုပ်ရေးမှာ အဓိက တီထွင်သူ၊ ဦးဆောင်သူဖြစ်ကြောင်း၊ စစ်သုံး မောင်းသူမဲ့ယာဉ် (UAV) အသစ်တွေကိုလည်း တီထွင် ထုတ်လုပ်ပေးနေသူဖြစ်ကြောင်း ဖော်ပြသွားပါတယ်။

ပူတင်ထောက်ခံ ရုရှားမီဒီယာတွေကတော့ ဒီလောက် နိုင်ငံတော် ထိပ်တန်းအဆင့် လက်နက်ထုတ်လုပ်ရေး ပညာရှင်ကို အစောင့်အရှောက်မထားပေးဘဲ ဥယျာဉ်ထဲ သွားစေခြင်းဟာ မဖြစ်သင့်တဲ့ ဖြစ်ရပ်လို့ မကျေ မနပ်ဝေဖန်နေကြပြီး ဒါဟာ ယူကရိန်းစစ်ထောက်လှမ်းရေးလက်ချက်ဖြစ်ကြောင်း ရေးသားဖော်ပြနေကြပါ တယ်။

တရားခံကိုလည်း ဖမ်းဆီးရမိခြင်းမရှိဘူးလို့လည်း သိရပါတယ်။ အောက်တိုဘာလတုန်းကလည်း ရုရှားစကစ်ထောက်လှမ်းရေး (GRU) က အရာရှိ နီကီတာကလန်ကော့ဗ်ကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကပဲ မော်စကိုမြို့အနီး နေအိမ်နား ဟွန်ဒိုင်းကားမောင်းနှင်လာစဉ် ပစ်ခတ်သတ်ဖြတ် လုပ်ကြံနိုင်ခဲ့ပါသေးတယ်။

Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#လုပ်ကြံ
#ဒုံးကျည်
#သတ်ဖြတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now