မဲခေါင်၊ ဒီဇင်ဘာ ၉
စစ်မြေပြင်မှာ ရုရှားစစ်သားတွေကို ယူကရိန်းတပ်တွေဟာ ထူးခြားထိရောက်တဲ့ ခြုံခိုတိုက်ခိုက်ခြင်း နည်းပညာသစ်အဖြစ် ဒရုန်းမှာ AK 47 စက်သေနတ်တပ်ဆင် ပစ်ခတ်တာ၊ ဗုံးပစ်လောင်ချာတွေ တပ်ဆင်ပစ်ခတ်တာတွေကို စတင်လက်တွေ့ အသုံးချ တိုက်ခိုက်နေပြီဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ်ဒေသ စစ်မြေပြင်မှာ ပြီးခဲ့တဲ့ လကတည်းက ယူကရိန်း ဒရုန်းတပ်ဖွဲ့ဟာ Wild Hornets လို့ခေါ်တဲ့ ဒရုန်းတွေမှာ AK 47 စက်သေနတ်တွေ တပ်ဆင်ပစ်ခတ်တာ၊ ဒရုန်းမှာ ဗုံးပစ်လောင်ချာတွေ တပ်ဆင်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေကို လက်တွေ့ ဖော်ဆောင်ရာမှာ ရုရှားတပ်တွေ တောအုပ်တွေထဲ တပ်ပျက် ထွက်ပြေးကြရပြီး လိုက်လံ ပစ်ခတ်ရှင်းလင်းနေတဲ့ ရုပ်သံမှတ်တမ်းတွေပါ ထုတ်ပြလာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ တပ်ရင်းရဲ့ ခွဲထွက် အမှတ် (၃) စက်မှုတပ်ရင်းက ဒရုန်းမှာ ပထမဆုံး စက်သေနတ်စတင်တပ်ဆင် ပစ်ခတ်ခြင်းဖြစ်ပုံရတဲ့ ဒီစနစ်တွေကို ကိုယ်တိုင် အလျှင်အမြန်နဲ့ အထိရောက်ဆုံး ပြင်ဆင်တိုက်ခိုက်နိုင်ကြခြင်း ဖြစ်ပါတယ်။
ရုရှားရဲ့ ရန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အတွက်လည်း မအေးတာကြောင့် ယူကရိန်းစစ်သည်တွေလို စစ်ပွဲအတွင်းမှာပဲ ထိရောက်တဲ့ အသေးစား စစ်လက်နက် တီထွင်မှုနည်းပညာဖြစ်ဖြစ်၊ အကြီးစားတီထွင်မှုတွေကိုပဲ ဖြစ်ဖြစ် အခုကတည်းက ကြိုတင်တီထွင်ထားသင့်ပြီဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးအရာရှိဟောင်း လက်ရှိ ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေသူ ဖိလစ်အင်ဂရမ်က တိုက်တွန်းပြောကြားသွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ဒရုန်း
#စက်သေနတ်
#ဗုံးသီး
#တိုက်ခိုက်
#ယူကရိန်း
#ရုရှား








