မဲခေါင်၊ ဒီဇင်ဘာ ၂
မြောက်ကိုရီးယားမှ နှစ်ကြိမ်တိုင် ဘက်ပြောင်းထွက်ပြေးလွတ်မြောက်ခဲ့ပြီး လက်ရှိ မန်ချက်စတာမှာ နေထိုင်နေတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီး ဂျီဟွမ်ပါ့ခ်က ဗြိတိန် The Sun မီဒီယာနဲ့ ဗီဒီယို အင်တာဗျူးမှာ မြောက်ကိုရီးယားမှာ မူကြိုကလေးငယ်တွေကိုတောင် ကစားကွင်းမှာ အမေရိကန် စစ်သားတွေ၊ တောင်ကိုရီးယားသားတွေဟာ မိစ္ဆာရန်သူတွေဖြစ်လို့ သတ်ဖြတ်ရမယ်ဆိုတဲ့ ကစားနည်းတွေသင်ပေးပြီး ဦးနှောက်ကို မှိုင်းတိုက်သင်ကြားပေးကြောင်း ဖွင့်ဟသွားပါတယ်။
ဒီကနေ့ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဂျီဟွမ်ပါ့ခ်ဟာ ဟမ်ယောင်းမြို့မြောက်ပိုင်း ချုံဂင်မြို့လေးက အခန်း ၂ ခန်း ပါ အိမ်လေးထဲမှာ မွေးဖွားကြီးပြင်းခဲ့ပြီး တစ်ခန်းထဲမှာ မိဘတွေ ညီအစ်ကိုမောင်နှမတွေ စုပြုံနေထိုင်ခဲ့ရတာပါ။
ပြင်ပကမ္ဘာအကြောင်း လုံး၀ မသိရစေဘဲ နိုင်ငံပိုင် ရုပ်သံ တစ်လိုင်းနဲ့ သတင်းစာတစ်စောင်သာ ထားရှိပြီး အနောက်တိုင်းထုတ် အစားအသောက်တွေကို လုံး၀ မြင်ဖူး၊ စားဖူးခြင်းမရှိဘဲ အမေရိကန်မုန်းတီးရေး၊ အမေရိကန်ရဲ့ ခရိုနီဖြစ်တဲ့ တောင်ကိုရီးယားမုန်းတီးရေးတွေကိုသာ မူကြိုကျောင်းသူဘ၀ကတည်းက သင်ကြားရပြီး ကလေးကစားကွင်းမှာလည်း အမေရိကန် စစ်သားရုပ်ကို မော်ဒယ်လုပ်ပြီး သတ်ပစ်ရမယ့် ရန်သူအဖြစ် တိုက်ခိုက်ခိုင်းတယ်လို့ ဆိုပါတယ်။
မူကြိုကျောင်းသားအရွယ် သူငယ်ချင်းနဲ့ တစ်ယောက်တုတ်တစ်ချောင်းပေးပြီး တိုက်ခိုက်နည်း ကစားရင်လည်း အမြဲမြောက်ကိုရီးယားနိုင်ငံဘက်တော်သားလုပ်ရသူသာ အနိုင်ရစေပါတယ်။
နိုင်ငံရေးမှာ အမုန်းတရားကိုသာ ကလေးငယ်တွေစိတ်ထဲ သွပ်သွင်းပေးပြီး ၁၉၉၄ ကနေ ၁၉၉၈ ခုနှစ်ကြား လူဦးရေ ၃ . ၅ သန်းသေဆုံးခဲ့ရတဲ့ အငတ်ဘေးမှာလည်း အမေရိကန်နဲ့ အနောက်အင်အားစုရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆွေမျိုးတွေသန်းချီသေဆုံးရတာဖြစ်တယ်လို့ မှိုင်းတိုက်သင်ကြားပါတယ်။
ဘယ်ဘုရားသခင်ကိုးကွယ်မှုကိုမှ အဓိက မထားဘဲ နိုင်ငံခေါင်းဆောင် ကင်အီဆောင်၊ ဒီကနေ ကင်ဂျုံအန်သည်သာ ဘုရားသခင်ဖြစ်တယ်လို့ စိတ်နှလုံးမှိုင်းတိုက်ကြောင်း၊ အငတ်ဘေးကာလမှာ ဆိုဗိယက်ရဲ့ ထောက်ပံ့မှုမရတော့ချိန် မိသားစုတစ်စုကို တစ်လဆန် ၂ ကီလိုဂရမ်သာပေးလို့ ဆာလောင်ငတ်မွတ်ပြီး မျက်စိရှေ့၊ လမ်းတွေပေါ် သေဆုံး သူတွေများပြားခဲ့ပေမယ့် မလောက်ငှလို့ သေဆုံးရတာဖြစ်ကြောင်းကို ဘယ်သူမှ မပြောရဲဘဲ အစိုးရမူဝါဒမှာ No ဆိုတဲ့ အငြင်းစကား သုံးစွဲခွင့်မရှိဘဲ အမြဲ Yes လို့သာ ခေါင်းငြိတ်ခဲ့ရကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#ကင်ဂျုံအန်း
#ခေါင်းဆောင်
#ဆိုဗီယက်
#နိုးမရှိ
#ဘရိန်းဝှက်








