မဲခေါင်၊ နိုဝင်ဘာ ၂၃
ယူကရိန်းလုံခြုံရေးတပ်ဖွဲ့နဲ့ စစ်ရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အတည်ပြုပြောဆိုမှုအရ မြောက်ကိုရီးယားတပ် တွေဟာ ရုရှားစစ်တပ် ယူနီဖောင်းတွေဝတ်ပြီး ယူကရိန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြပြီဖြစ်ကြောင်း CNN သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
အစောပိုင်းကတည်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စစ်သား ၁၁၀၀၀ ကို ရုရှားဆီ စေလွှတ် ထားပြီး ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်ပါဝင်ဖို့ သင်တန်းပေးနေကြောင်း ကမ္ဘာ့မီဒီယာသတင်းတွေမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ခုတော့ မြောက်ကိုရီးယားနည်းစနစ်အကြံပေးစစ်ဘက်ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံ ကနေ ရုရှားကျူးကျော်သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့တောင်ပိုင်းက မာရီယူပိုဒေသ၊ အရှေ့မြောက်ပိုင်းက ခါကိဗ်ဒေသတွေကို ဝင်ရောက်လာခဲ့ပြီး ဘယ်ရည်ရွယ်ချက်နဲ့ လာရောက်သလဲဆိုတာတော့ မသဲကွဲသေးဘူးလို့ ဆိုပါတယ်။
ခါကိဗ်က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ရုရှားစစ်တပ်ယူနီဖောင်းဝတ်မြောက်ကိုရီးယား စစ်သားတွေကို တွေ့ရှိ ရသလို ခါကိဗ်မှာလည်း ရေဒီယိုစောင့်ကြည့်မှုကနေ မြောက်ကိုရီးယားစစ်သားတွေ ဝင်ရောက်လာတာကို သိရှိရ တာဖြစ်တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးဘက်က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းက ပြန်လည်ပြီး ရုရှားမြေထဲဝင်ကာ သိမ်းပိုက်ထားတဲ့ ကက်ရှ်ဒေသကိုလည်း မြောက်ကိုရီးယား စစ်သားတွေ ဝင်ရောက်နေပြီး တိုက်ပွဲတွေမှာ ပါဝင်နေသလို အလောင်းတွေလည်း ယူကရိန်းဘက်က ရထား ကြောင်း သိရတဲ့အတွက် မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်းစစ်မှာ ပိုမိုပြီး ထဲထဲဝင်ဝင်ပါဝင်လာတာ သေချာ စေခဲ့ပြီဖြစ်ပါတယ်။
Ref:CNN
MKF-001
#MeKongNews
#ယူကရိန်း
#မြောက်ကိုရီးယား
#နယ်စပ်
#ဖြတ်ကျော်
#ဝင်ရောက်








