ရုရှားလေကြောင်းတိုက်ခိုက်မယ့် သတင်းရလို့ ကိဗ်မြို့က အမေရိကန်သံရုံး ပိတ်
မဲခေါင်၊ နိုဝင်ဘာ ၂၀
အမေရိကန်ရဲ့ တရားဝင်ခွင့်ပြုချက်ကြောင့် ရုရှားနိုင်ငံထဲ အမေရိကန်ထုတ် ATACMS တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းက ဘရိုင်းယန့်ခ်ဒေသထဲ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီး ရုရှားဘက်က လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့အတွက် ယူကရိန်းနိုင်ငံ ကိဗ်မြို့က အမေရိကန်သံရုံးကို ဇန်နဝါရီ ၂၀ ရက်မှာ ပိတ်လိုက်ရပါတယ်။
သံရုံးဝန်ထမ်းတွေအပြင် အမေရိကန်နိုင်ငံသားအားလုံး အကာအကွယ်ထဲ ပုန်းအောင်း နေထိုင်ကြဖို့ သံရုံးဝက်ဘ်ဆိုက်မှာ ရေးသားသတိပေးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားနိုင်ငံထဲ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခွင့် ရပြီဖြစ်သလို ကိုယ်တိုင်ထုတ် ဒုံးကျည်တွေလည်း အများအပြားရှိလို့ ရုရှားနိုင်ငံထဲ အားလုံး ပစ်ခတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားဘက်ကတော့ ATACMS ဒုံးကျည် ၅ လုံးကို လေကြောင်းရန် ကာကွယ်ရေးစနစ် ကနေ ပစ်ချနိုင်ခဲ့ပြီး ယူကရိန်းရဲ့ အမေရိကန်နဲ့ အနောက်အင်အားစုတွေပေးတဲ့ တာဝေးပစ်ဒုံးကျည်တွေ ပထမဆုံး တိုက်ခိုက်ခံရမှုမှာ သေဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဘရာဇီးမှာ G20 အစည်းအဝေး တက်ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ကလည်း အမေရိကန်ပေးတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ယူကရိန်းတိုက်ခိုက်တာ ခိုင်လုံသွားပြီး အနောက်အင်အားစုတွေဟာ တင်းမာမှုကို ပိုမိုအရှိန်မြှင့်စေဖို့ လုပ်ဆောင်လိုက်တာဖြစ်လို့ ဒီရန်သူတော်တွေနဲ့ စစ်ရေးနောက်တစ်ဆင့် မြှင့်ပြီး လက်တုံ့ပြန်တိုက်ခိုက်တော့မှာဖြစ်ကြောင်း လူသိရှင်ကြား ပြောဆို သွားခဲ့ပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၂၀ ရက်အစောပိုင်းကတည်းက ကိဗ်မြို့က အမေရိကန်သံရုံးကို ပိတ်ကြောင်းနဲ့ သံရုံးဝန်ထမ်း နဲ့ နိုင်ငံသားတွေအားလုံး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု ကြိုတင်သတင်း ရ ထားချက်အရ အကာအကွယ်မှာ ပုန်းအောင်းနေကြဖို့ သံရုံးဝက်ဘ်ဆိုက်မှာ ရေးတင်ပြီး သတိပေးရှောင်ရှားစေခဲ့တာဖြစ်ပါတယ်။
Ref: nzherald
MKF-001
#MeKongNews









