မဲခေါင်၊ နိုဝင်ဘာ ၁၈
နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) တီထွင်ထားတဲ့ တာဝေးပစ် အသံထက် မြန်တဲ့ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု အောင်မြင်သွားခဲ့လို့ အိန္ဒိယဟာ လက်နက်အပြိုင် အဆိုင်တီထွင်နေတဲ့ မဟာအင်အားကြီး အမေရိကန်၊ ရုရှား၊ တရုတ်တို့နဲ့ ရင်ဘောင်တန်းပြီး တာဝေးပစ် အသံထက်မြန်တဲ့ ဒုံးကျည်ပိုင် နိုင်ငံဖြစ်လာခဲ့ပါတယ်။
ပစ်ခတ်စမ်းသပ်မှုကို အိုဒီရှာပြည်နယ် အရှေ့ဘက်ကမ်းခြေဒေသ Dr APJ Abdul Kalam ကျွန်းမှာ စမ်းသပ် ပစ်ခတ်တာဖြစ်ပြီး ပျံသန်းမှုအတိုင်းအတာအချက်အလက်နဲ့ တိကျမှုအထူး မြင့်မားတဲ့ အဆင့်မြင့် တာဝေးပစ် အသံထက်မြန်တဲ့ ဒုံးကျည် ထုတ်လုပ်နိုင်တဲ့ နိုင်ငံအဖြစ် သမိုင်းဝင်သွားခဲတယ်လို့ ကာကွယ်ရေးဝန်ကြီး ရာနက် ဆင်းက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အိန္ဒိယရဲ့ ပထမဆုံး long-range hypersonic missile ဟာ အသံထက် ၅ ဆ ပိုမြန်ပြီး အကွာအဝေး ၁၅၀၀ ကီလိုမီတာ (၉၃၀ မိုင်) အထိကို ပစ်မှတ် တိကျစွာပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
DRDO အဖွဲ့က လာမယ့် နှစ်အတွင်း ဒုံးကျည်တွေကို နည်းစနစ်ပိုကောင်းမွန်စွာ တီထွင်ပြီး ထပ်မံ စမ်းသပ်ပစ်ခတ်မှုများစွာ ပြုလုပ်မှာ ဖြစ်သလို ထုတ်လုပ်မှုနဲ့ တင်ပို့မှုများစွာလည်း မကြာခင် လုပ်ဆောင်တော့မှာဖြစ်ကြောင်း၊ ရေတပ်သုံး ဗားရှင်း အဖြစ်ရန်သူ သင်္ဘောတွေကို pinpoint ထောက်ပြီး တိကျစွာ ပစ်ခတ်နိုင်မှာဖြစ်ကြောင်း၊ မြန်လွန်းတဲ့ အရှိန် ရှိလို့ ရန်သူ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကိုလည်း ချိုးဖောက် ပစ်ခတ်နိုင်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
Ref: timesofindia
MKF-001
#MeKongNews
#အိန္ဒိယ
#အသံထက်မြန်
#စစ်ရေး
#အောင်မြင်
#ဒုံးကျည်








