ကမ္ဘာ့သတင်း

ရုရှားကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့် ယူကရိန်းအား ဂျိုးဘိုင်ဒန်ခွင့်ပြု

မဲခေါင် 18 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၈ ရုရှားဟာ ယူကရိန်းနိုင်ငံထဲ အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် နိုဝင်ဘာ ၁၆ ညပိုင်းက ဒုံးကျည် အလုံး ၁၂၀ နဲ့ ဒရုန်း ၉၀ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ရုရှားနိုင်ငံအတွင်း ပိုင်းထဲ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်ဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံတစ်ဝန်း ဆောင်းဝင်လာနီးချိန် ပြည်သူတွေ အကွဲကွဲအပြားပြားဖြစ်စေဖို့၊ လျှပ်စစ်မီးပေး ရာ၊ အပူဓာတ်ပေးရာနေရာတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်တာ ဖြစ်ကြောင်းနဲ့ ဒုံးကျည် ၁၄၀ ကို ပစ်ချနိုင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း၊ မိုင်ကိုလိဗ်ဒေသမှာအမျိုးသမီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရ ကြောင်း၊ အယ်လ်ဗစ်မြို့မှာ နောက်ထပ်

မဲခေါင်၊ နိုဝင်ဘာ ၁၈

ရုရှားဟာ ယူကရိန်းနိုင်ငံထဲ အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် နိုဝင်ဘာ ၁၆ ညပိုင်းက ဒုံးကျည် အလုံး ၁၂၀ နဲ့ ဒရုန်း ၉၀ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ရုရှားနိုင်ငံအတွင်း ပိုင်းထဲ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်ဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံတစ်ဝန်း ဆောင်းဝင်လာနီးချိန် ပြည်သူတွေ အကွဲကွဲအပြားပြားဖြစ်စေဖို့၊ လျှပ်စစ်မီးပေး ရာ၊ အပူဓာတ်ပေးရာနေရာတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်တာ ဖြစ်ကြောင်းနဲ့ ဒုံးကျည် ၁၄၀ ကို ပစ်ချနိုင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း၊

မိုင်ကိုလိဗ်ဒေသမှာအမျိုးသမီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရ ကြောင်း၊ အယ်လ်ဗစ်မြို့မှာ နောက်ထပ် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း၊ ဒီနီပရိုမြို့မှာ အလုပ်သမားအမျိုးသား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးက ထုတ်ပြန်ပြောဆိုသွားခဲ့ ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားချိန် နေတိုးအိမ်နီးချင်းနိုင်ငံတွေကလည်း ဖိုက်တာ ဂျက်လေယာဉ်များစွာနဲ့ ဥဒဟို လှည့်ပတ် မောင်းနှင်ပြီး နယ်မြေကျော်ဝင်လာမယ့်အရေး တားဆီးမှုတွေလုပ်ဖို့ ပြင်ဆင်ခဲ့ကြရပြီးနောက် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ရာထူးကို ဒေါ်နယ်ထရမ့်ဆီ လွှဲပြောင်းမပေးခင် အရင် ပိတ်ဆို့ထားတဲ့ တားမြစ်ချက်ကို ပယ်ဖျက်လို့ ယူကရိန်းကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ခွင့်ပြု ပေးခဲ့ကြောင်း အမေရိကန်အစိုးရ အတွင်းလူ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။

ဂျိုးဘိုင်ဒန်ဟာ သမ္မတသက်တမ်း ၂ လသာကျန်တော့ပေမယ့် ခုထိ ယူကရိန်းကို ရုရှားနိုင်ငံထဲ တာဝေးပစ်ဒုံးကျည်တွေ ပေးပစ်ခွင့်ပေးခဲ့ရင် နေတိုးနဲ့ ရုရှားတို့ တိုက်ရိုက် စစ်ပွဲဖြစ်ပွားမှာကို မလိုလားတာကြောင့် တားမြစ်ထားတုန်းဖြစ်ပေမယ့် ထွက်ပေါ်နေတဲ့သတင်းအရ မိုင် ၁၉၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ အမေရိကန်ရဲ့ ATACMS ဒုံးကျည်တွေ စပစ်ခတ်လာဖွယ်ရှိကြောင်းပါ သိရှိရပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒုံးကျည်
#ဘိုင်ဒန်
#ခွင့်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now