မဲခေါင်၊ နိုဝင်ဘာ ၁၇
၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလက မြောက်ကိုရီးယားစစ်သားဘ၀ကနေ ဘက်ပြောင်းထွက်ပြေးခဲ့တဲ့ ဟွမ်ဆန်းလီဆိုသူကို ဗြိတိန် Thesun သတင်းဌာနက အင်တာဗျူးရာမှာ လက်ရှိ မြောက်ကိုရီးယား အထူးတပ် သား ၁၀၀၀၀ ကို ရုရှားစေလွှတ် သင်တန်းပေးနေပေမယ့် ယူကရိန်း စစ်မျက်နှာပြင်ရောက်တာနဲ့ အမြန်ဆုံး ဘက်ပြောင်းခိုလှုံသွားကြလိမ့်မယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။
ကင်ဂျုံအန်ဟာ လက်ရှိ ရုရှားနဲ့ စစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းပြီး အထူးစစ်သည် ၁၀၀၀၀ ကို ယူကရိန်းရဲ့ သိမ်းပိုက်ခံ ကက်ရှ်ဒေသ ပြန်လည်ထိုးစစ်မှာ ရက်ပိုင်းအတွင်း စတင်အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Storm Corps လို့ခေါ်တဲ့ ဒီအထူးစစ်သည်တွေအပေါ် ရုရှားတပ်သားတွေက သူတို့နဲ့ တန်းတူအခွင့်အရေး၊ လက်နက်၊ အသုံးအဆောင်၊ အစားအသောက်၊ အကာအကွယ်တွေ မပေးဘဲ တစ်ခါ သုံးအဖြစ်သာ လူသားတံတိုင်းလုပ် တိုက်ပွဲဝင်ခိုင်းဖို့ ဩဝါဒ ပေးပြီး လေ့ကျင့်သင်ကြားပေးနေတာကြောင့် ဒီတပ် သားတွေဟာ ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင် ရောက်တာနဲ့ စစချင်းမှာပဲ ဘက်ပြောင်းခိုလှုံသွားဖို့သာ ရှိကြောင်း ဟွမ်ဆန်းလီက သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။
ကင်ဂျုံအန်ဟာ ဒီစစ်သည်တွေကို ရုရှားဆီ စေလွှတ်ပေးပြီး အောင်မြင်ခဲ့ရင် တောင်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်ဖို့နောက်ထပ် ခြေလှမ်းပြင်ဆင်မှာ ဖြစ်ပေမယ့် တကယ်တမ်းမှာ အခြေခံလူတန်းစားမိသားစုက မွေးဖွားလာသူတွေသာဖြစ်ပြီး ငွေမရ၊ အနာဂတ်အာမခံချက်မရှိဘဲ အစားအသောက်ရရုံလောက်နဲ့သာ တိုက်ရမှာဖြစ်လို့ ယူကရိန်းနဲ့တိုက်တာနဲ့ စစချင်း ဘက်ပြောင်းခိုလှုံကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခိုလှုံဖို့ကို နှစ်ခါတော့ ပြန်စဉ်းစားရစေမယ့် အကြောင်းတရားက မိသားစုဝင်တွေကို ဖမ်းဆီး နှိပ်စက်ထောင်ချမှကြောင့်ဖြစ်ကြောင်း၊ အရာရှိပိုင်းမိသားစုဝင်တွေအတွက် ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်ရှိလို့ စဉ်းစားကြရမှာဖြစ်ပေမယ့် အသက်နဲ့ ရင်းရမယ့် ကိစ္စဖြစ်နေသလို အမိနိုင်ငံတော်အတွက်လည်း တိုက်ခိုက်ရတာမဟုတ်တဲ့ စိတ်ဓာတ်အခြေခံကြောင့် မကြာခင်မှာပဲ တစ်တပ်လုံး ဘက်ပြောင်းဖို့သာ ရွေးချယ်ကြလိမ့်မယ်လို့ ဟွမ်ဆန်းလီက အခိုင်အမာ ပြောဆိုသွား ခဲ့တာဖြစ်ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#ယူကရိန်း
#ဘက်ပြောင်း
#ရုရှား
#ခိုလှုံ








