မဲခေါင်၊ နိုဝင်ဘာ ၁၂
အမေရိကန် လေယာဉ်တင်သင်္ဘောကနေ ဆီးရီးယားထဲမှာရှိတဲ့ အီရန်ထောက်ပံ့ လက်နက်ကိုင်တပ်တွေရဲ့ ပစ်မှတ် ၉ နေရာကို နိုဝင်ဘာ ၁၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ထုတ်ပြန်သွားပါတယ်။
ဒီလိုတိုက်ခိုက်ရမှုဟာ အမေရိကန် စစ်သည်တွေကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒီအီရန်ထောက်ပံ့ လက်နက်ကိုင် တွေဘက်က တိုက်လိုက်လာလို့ တုံ့ပြန်ရကြောင်းသာဖြစ်တယ်လို့ ပင်တဂွန်က ထုတ်ပြန်ပြီး အမေရိကန် စစ်သည်တွေကို ဘယ်အဖွဲ့တိုက်ခိုက်သလဲ၊ သေဆုံး ဒဏ်ရာရမှုရှိလား၊ ပြန်ပစ်ခတ်တဲ့ ပစ်မှတ် ၉ နေရာကရော ဘယ်နေရာတွေဖြစ်ပြီး သက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။
အမေရိကန်ဟာ ဆီးရီးယားထဲအခြေချတဲ့ ISIS တွေကို စောင့်ကြည့် အမြစ်ဖြတ်နိုင်ရေး စစ်သည် ၉၀၀ စေလွှတ် ထားရှိတာဖြစ်ပြီး ဖေဖော်ဝါရီလက ဆီးရီးယားထဲက အီရန်ထောက်ပံ့ အကြမ်းဖက်အဖွဲ့တွေကို အင်အားသုံး တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာက လက်တုံ့ပြန်ခံရမှုအဖြစ် ဂျော်ဒန်နိုင်ငံထဲကနေ ပစ်လွှတ်တဲ့ ဒရုန်းကြောင့် စစ်သည် ၃ ဦး သေဆုံးခဲ့ရပါသေးတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်တွေ အစ္စရေးနိုင်ငံထဲ ဝင်ရောက် တိုက်ခိုက်သတ်ဖြတ်ပြီးနောက် အစ္စရေးတပ်တွေဟာ ဂါဇာထဲ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်နေပြီး ဟားမက်စ်ရဲ့ မဟာမိတ် အီရန် ထောက်ပံ့ အဖွဲ့တွေကလည်း အမေရိကန်နဲ့ အစ္စရေး ပစ်မှတ်တွေကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ ဒီကနေအထိ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
Ref: aawsat
MKF-001
#MeKongNews
#အီရန်
#ဆီးရီးယား
#ပစ်မှတ်
#အမေရိကန်








