မဲခေါင်၊ နိုဝင်ဘာ ၆
နိုဝင်ဘာ ၅ ရက်(အမေရိကန် ရက်စွဲ)နေ့ အမေရိကန် ရွေးကောက်ပွဲနေ့မှာ ဂျော်ဂျီယာပြည်နယ်က မဲရုံ ၅ ရုံကို ပစ်မှတ်ထားပြီး ရုရှားဘက်က ဗုံးလှန့်မှုလုပ်ခဲ့ကြောင်းနဲ့ ဖူလ်တန်စီရင်စုက မဲရုံ ၂ ရုံမှာ ဗုံးလှန့်လို့ မဲပေးသူတွေကို ခေတ္တ ရှောင်ရှားစေခဲ့ရကြောင်း ပြည်နယ်အတွင်းရေးမှူး ဘရတ်ရက်ဖန်စပါဂါက ထုတ်ပြန်ပြောဆိုသွားပါတယ်။
ရုရှားဘက်က နှောင့်ယှက်၊ အနိုင်ကျင်ချင်တဲ့ သဘောဖြစ်မယ်လို့သာ ရက်ဖန်စပါဂါက ပြောသွားခဲ့ပြီး တခြား အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိ မဲရေအတွက်မှု အပြီးမသတ်သေးပေမယ့် ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပြီး ရီပါဘလစ်ကန်က အထက်လွှတ်တော်ကို အဓိက စိုးမိုးသွားနိုင်ခဲ့ပြီလို့ ခိုင်မာတဲ့ အမေရိကန် သတင်းရင်း မြစ်များစွာက ရေးသားဖော်ပြနေကြပါတယ်။
အမေရိကန်ရဲ့ အဓိက မီဒီယာကြီး ၂ ခုဖြစ်တဲ့ Fox News နဲ့ NBC တို့ကဆိုရင် အစောဆုံးအဖြစ် ဒေါ်နယ်ထရမ့်ဟာ ၄၇ ဆက်မြောက် အမေရိကန်သမ္မတသစ် ဖြစ်လာခဲ့ပြီလို့ ကြိုတင်ကြေညာခဲ့ကြပါတယ်။
MKF-001








