မဲခေါင်၊ အောက်တိုဘာ ၂၄
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ရှစ်ခ်က အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲလုပ်ရာမှာ ပြီးခဲ့တဲ့ ၂ လအတွင်း မြောက်ကိုရီးယားဟာ ရုရှားရဲ့ ယူကရိန်းစစ်ပွဲအတွက် လက်နက်ခဲယမ်း ကွန်တိန်နာ အလုံး ၇၀၀၀ ပေးပို့ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။
စစ်ထောက်လှမ်းရေးအေဂျင်စီကနေ နောက်ဆုံး သိရှိရမှုမှာ မြောက်ကိုရီးယားဟာ ကွန်တိန်နာ အလုံး ၃၀၀ ဝန်းကျင်ကို ရုရှားဆီ တင်ပို့ခဲ့ပြီး ရေကြောင်းကနေသာမက မီးရထားလမ်းကပါ ပို့ဆောင်တာဖြစ်လို့ ၂ လ အတွင်း ကွန်တိန်နာ ၇၀၀၀ တင်ပို့ခဲ့ကြောင်းနဲ့ ဩဂုတ်လကစပြီး ရုရှား- မြောက်ကိုရီးယား ပူးပေါင်းမှုအပြီး ရုရှားအတွက် စစ်လက်နက်ခဲယမ်း ကွန်တိန်နာပေါင်း ၂၀၀၀၀ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ရှင်းလင်းပြောကြား သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယားဟာ ရုရှားဆီ လက်နက်ခဲယမ်းကွန်တိန်နာ ၆၇၀၀ ပေးပို့ခဲ့ပြီး ၁၅၂ မမ အမြောက်ဆံ ၃ သန်းကျော်၊ ၁၂၂ မမ အမြောက်ဆံ ၅၀၀၀၀၀ ပါဝင်တယ်လို့ တောင်ကိုရီးယားဘက်က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားရဲ့ လက်နက်ခဲယမ်းလိုအပ်မှုကို ဖြည့်ဆည်းပေးဖို့ ပြည်တွင်းမှာ လက်နက်စက်ရုံ ၂၀၀ ကျော်ကို လိုအပ်တဲ့လက်နက်ခဲယမ်းတွေ နေ့မအား ညမအား ထုတ်လုပ် စုပုံတင်ပို့ပေးနေ တာဖြစ်ပြီး မကြာသေးခင်က တာဝေး၊ တာလတ်၊ တာတိုပစ် ပဲထိန်းဒုံးကျည်တွေ စမ်းသပ် ပစ်ဖောက်နေတာ ဟာလည်း ရုရှားကိုပိုမို ကြီးမားတဲ့ ဒုံးကျည်တွေ ပို့ပေးဖို့ စမ်းသပ်ထုတ်လုပ်နေတာဖြစ်ကြောင်း ရှင်ဝန်ရှစ်ခ်က ပြောကြားသွားပါတယ်။
Ref:NK
MKF-001









