မဲခေါင်၊ အောက်တိုဘာ ၂၂
ထိုင်ဝမ်ဟာ သူတို့ပိုင်ကျွန်းလို့ သတ်မှတ်ပြီး ခွဲထွက်ခြင်းပြုသူတွေ သေဒဏ်ပေးမယ်လို့ တရုတ်ဘက်က ထုတ်ပြန်ခြိမ်းခြောက်ပြီးနောက် အင်အားသုံးစစ်ရေးလေ့ကျင့်မှုတွေ ထိုင်ဝမ်ကျွန်းနား လာရောက် လုပ်ဆောင် အပြီး တစ်ပတ်အကြာမှာ အမေရိကန်နဲ့ ကနေဒါ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာ အားလုံးပိုင် ရေလက်ကြားဖြစ်ကြောင်း သက်သေပြုမှုအဖြစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ လာရောက် ခုတ်မောင်းပြသွားခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားဟာ တရုတ်နဲ့ ထိုင်ဝမ်ကြား ခြားထားတဲ့ ရေပိုင်နက်ဖြစ်ပြီး တရုတ် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် အရှေ့ပိုင်းတိုင်း လေတပ်ဗဟိုက အမေရိကန်နဲ့ ကနေဒါ သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကို လာရောက်မှုနဲ့ ကွန်းထောက်ကြားခံ ရပ်ဝန်းလုပ်မှုဟာ ဥပဒေနဲ့ညီမညီ အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ရေတပ်အုပ်စု ၇ ကလည်း နိုင်ငံတကာ ဥပဒေနဲ့အညီ ထိုင်ဝမ်ရေလက်ကြားကို သူတို့ရဲ့ USS Higgins သင်္ဘောနဲ့ ကနေဒါရဲ့ HMCS Vancouver သင်္ဘောနှစ်စီး လွတ်လပ်စွာ ကွန်းထောက်နားခို နယ်မြေ အဖြစ် အသုံးပြုခဲ့တာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။
တရုတ်ကတော့ ထိုင်ဝမ်အမျိုးသားနေ့မှာ သမ္မတ လိုင်ချင်းတီက သူတို့ကျွန်းဟာ ကိုယ့်အချုပ်အခြာအာဏာ ရှိတယ်လို့ ပြောဆိုမှုအပေါ် ပေါက်ကွဲပြီး စံချိန်တင်အဖြစ် ထိုင်ဝမ်းကျွန်းပတ်လည်မှာ လေယာဉ် ၁၂၅ စီး အထိ အသုံးပြုပြီး စစ်ရေးလေ့ကျင့် ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
Ref: irishexaminer
MKF-001









