မဲခေါင်၊ စက်တင်ဘာ ၃၀
လက်ဘနွန်မြို့တော်ဘေရွတ်ခ်ရဲ့ ဆင်ခြေဖုံးမှာ အခြေစိုက်တဲ့ ဟစ်ဇ်ဘိုလာရုံးချုပ်ကို စက်တင်ဘာ ၂၇ ရက်က အစ္စရေးဘက်က ၁၁ နာရီကြာ လေကြောင်းကနေ ဗုံးပေါင်း အလုံး ၈၀ ကျော်ကျဲချတိုက်ခိုက်ရာက မြေအောက် ပေ ၈၀ ဘန်ကာအတွင်း ပုန်းနေတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နက်စ်ရယ်လာအလောင်းကို အပျက်အစီးတွေကြားက တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၃၀ မှာ ဟစ်ဇ်ဘိုလာဘက်က အတည်ပြု ထုတ်ပြန်သွားပါတယ်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနဲ့ စစ်ဘက်အကြီးအကဲတွေဟာ ဒီစစ်ဆင်ရေးကို Live ထိုင်ကြည့်စေခိုင်းခဲ့ကြတာ ဖြစ်ပြီး နက်စ်ရယ်လာ သေဆုံးပြီလို့ တိုက်ခိုက်မှုအပြီးမှာပဲ ကြေညာပေမယ့် ဟစ်ဇ်ဘိုလာဘက်က စက်တင်ဘာ ၃၀ မှ အလောင်းရရှိကြောင်း ထုတ်ပြန်တာဖြစ်လို့ နက်စ်ရယ်လာရဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ၃၂ နှစ်ကြာ စီမံအုပ်ချုပ်မှု တစ်ခန်းရပ်သွားခဲ့ရပြီဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာတောင်ပိုင်းတပ်မှူး အလီကာကီနဲ့ ဒုံးတပ်ဖွဲ့တပ်မှူးမိုဟာမက်အလီအစ္စမေးလ်တို့ပါ တစ်ပါတည်း သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အစ္စရေးရဲ့ အင်အားသုံးတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ အနည်းဆုံး အယောက် ၁၀၀၀ သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုဟာ အမေရိကန်နဲ့ အနောက်အင်အားကြီးနိုင်ငံခေါင်းဆောင်တွေ ကြားဝင်စေ့စပ်တဲ့ ယာယီအပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးခဲ့ဘဲ နာရီပိုင်းအတွင်း လက်ဘနွန်ထဲ ဝင်တိုက် ဖို့နယ်စပ်မှာ တင့်ကားတပ်နဲ့ ခြေလျင်တပ်အလုံးအရင်း စုရုံပြင်ဆင်နေပြီး ဟစ်ဇ်ဘိုလာတပ်တွေကလည်း အသေခံ တိုက်ပွဲဝင်မယ်လို့ သစ္စာဆိုနေကြပါတယ်။
Ref:Thesun
MKF-001













