မဲခေါင်၊ စက်တင်ဘာ ၁၃
ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဘင်လာဒန်ရဲ့ အယ်လ်ခိုင်းဒါအဖွဲ့တွေ လေယာဉ်ပြန်ပေး ဆွဲပြီး ဝင်တိုက်ခဲ့မှု ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား စက်တင်ဘာ ၁၁ ရက် ကျင်းပခဲ့ပြီး လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မဟာရန်သူတော် ရီပါဘလစ်ကန်ပါတီခေါင်းဆောင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၄ ခုနှစ်နဲ့ နာမည်ပါ ဦးထုပ်ကို ခေတ္တ ဆောင်းခဲ့ခြင်းဟာ သွေးစည်းခြင်း ပြယုဂ်ကို ပြသခြင်းဖြစ်တယ်လို့ အိမ်ဖြူတော်က ရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ 9/11 အကြမ်းဖက်ခံရမှုဖြစ်စဉ်က ပြန်ပေးဆွဲခံရတဲ့ လေယာဉ် ၄ စီးထဲက တစ်စီးပျက်ကျခဲ့ရာ ပန်ဆယ်ဗေးနီးယားပြည်နယ်က မီးသတ်ဝန်ထမ်းတွေကို ဂုဏ်ပြုဖို့ သွားရောက်ခဲ့ပြီး နောက်လာမယ့် ရွေးကောက်ပွဲ မှာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ နီးစပ်နေတဲ့ ဒေါ်နယ်ထရမ့်ထောက်ခံသူ ပရိသတ်တစ်ယောက်နဲ့ စကားလက်ဆုံးကျပြီးနောက် အဲဒီလူဆီက ထရမ့်ဦးထုပ်ကို ယူပြီး ခေတ္တ ဆောင်းခဲ့တာဖြစ်ပါတယ်။
ဒီလိုထူးခြားဖြစ်စဉ်အပေါ် ရွေးကောက်ပွဲသစ်မှာ ဘိုင်ဒန်နေရာ အစားဝင်ခဲ့တဲ့ ကာမီလာဟဲရစ်နဲ့ ရှေ့တစ်ရက်ကပဲ Debate လုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲဟာသနှော မဲဆွယ်မှုကို ပြုလုပ်သွားခဲ့ပြီး ငါတို့ကို ထောက်ခံ လို့ ကျေးဇူးပါဆိုတဲ့ လှုံ့ဆော်မှု ပုံရိပ်တွေကို လူမှုကွန်ရက်ပေါ် ဖန်တီးစေခဲ့ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အယ်လ်ခိုင်းဒါးတွေဟာ အမေရိကန်လေကြောင်းလိုင်း လေယာဉ်ကို ပြန်ပေးဆွဲပြီး ဝါရှင်တန်ဒီစီက ကုန်သွယ်ရေးစင်တာကို ဝင်တိုက်ဖို့ လုပ်ခဲ့ရာမှာ လေယာဉ်ပေါ်ပါတဲ့ ခရီးသည် တွေဟာ အလျှော့မပေးဘဲ တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ဆုံး လိုက်ပါသူ အယောက် ၄၀ စလုံး သေဆုံးခဲ့ရပါ တယ်။
Ref: bbc








