မဲခေါင်၊ စက်တင်ဘာ ၁၂
ယူကရိန်းဟာ အမေရိကန်ပေးထားတဲ့ MGM-140 Army Tactical Missile System (ATACMS) ဆိုတဲ့ အသံထက်မြန်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးနဲ့ နိုင်ငံထဲ ပစ်ခတ်ခဲ့ရင် သင်လျှော်တဲ့ တုံ့ပြန်မှုလုပ်ဖို့ ဆုံးဖြတ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပြောဆိုသွားပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့မှာပဲ ဂျိုးဘိုင်ဒန်ဟာ သူ့အစိုးရစီမံခန့်ခွဲရေးအဖွဲ့က ရုရှားနိုင်ငံထဲ ယူကရိန်းမပစ်ခတ်ဖို့ တားမြစ်ထားမှုတွေကို ပယ်ဖျက်လိုက်ပြီဖို့ ဆုံးဖြတ်တော့မယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါကြောင့် ပက်စ်ကော့ဗ် က ယူကရိန်းကျူးကျော်စစ်ပွဲအတွက် အထူးစစ်ဆင်ရေးအဖွဲ့ (SMO) ဟာ တကယ်များ ယူကရိန်းဘက်က ATACMS ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ပစ်ခတ်ခဲ့ရင် ရွေးချယ်စရာလည်း တခြားလမ်းမရှိလို့ သင့်လျှော်တဲ့ တုံ့ပြန်တိုက်ခိုက်မှု လုပ်သွားဖို့ ဆုံးဖြတ်မှာဖြစ်ကြောင်း (သတင်းများအရ ဆုံးဖြတ်ပြီးဖြစ်ကြောင်း) တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုတွေမှာ ခုခံဖို့ တာဝေးပစ်လက်နက်တွေ ပေးခဲ့တဲ့ ၂ နှစ်ခွဲကြာခဲ့ ပြီဖြစ်ပေမယ့် ရုရှားနိုင်ငံအတွင်းပိုင်းထဲ ပစ်ခတ်ခဲ့ရင် စစ်ရေးနာတာရှည်ပြီး စစ်မီးကူးစက်မှု ပိုပြင်းထန်မှာ စိုးရိမ်တာကြောင့် ယူကရိန်းကို မပစ်ဖို့ တားဆီးကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံး ရုရှားတပ်တွေ ဟာ ယူကရိန်းနယ်မြေတွေကို အင်အားအလုံးအရင်းသုံးပြီး ဆက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်နေချိန် ယူကရိန်း ဘက်ကလည်း ရုရှားနိုင်ငံ ကက်ရှ်ဒေသထဲ ဝင်ရောက်စီးနင်းသိမ်းပိုက်ထားနိုင်ရာမှာ ယူကရိန်းထဲက ရုရှားတပ် တွေ ပြည်တွင်းပြန်လာခုခံခြင်းက ကျူးကျော်စစ်ကို တားဆီးရာရောက်နိုင်ကြောင်း အသိအမှတ်ပြုပြီး ATACMS ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲ ပစ်ဖို့ သဘောတူပေးလိုက်ပြီလို့ အတည်မပြုတဲ့ သတင်းတွေက ဖော်ပြ နေကြပါတယ်။
Ref: straitstimes
MKF-001











