မဲခေါင်၊ စက်တင်ဘာ ၆
ဩဂုတ် ၃၁ ရက်နေ့က ဂါဇာ မြေအောက်ဥမင်ထဲမှာ ပူပူနွေးနွေးသေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဓားစားခံ ၆ ဦးထဲက ဒုတိယမြောက် သတ်ခံရသူ အိုရီဒါနီနိုကို သတ်တဲ့ ဗီဒီယိုကို ဟားမက်စ်ဘက်က ထုတ်ပြန်စဉ်မှာ အစ္စရေးတပ် တွေ အနားကပ်လာတာနဲ့ လက်ကျန် ဓားစာခံ ၆၀ လုံးကို သတ်ပစ်ဖို့ အမိန့်ပေးတဲ့အကြောင်းပါ ထည့်သွင်း ဖော်ပြပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
ရှေ့တစ်ရက်ကလည်း သတ်ခံရတဲ့ ၆ ယောက်ထဲက မိန်းကလေးငယ် အီဒင်ကို မသတ်မီ အင်တာဗျူးရာမှာ အစ္စရေးဘက်က ဂါဇာမှာ ဗုံးကျဲပြီးတိုက်ခိုက်နေမှုဟာ ဓားစာခံအားလုံးကိုပါ သေစေလိုတဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်ခဲ့တာကိုလည်း ဟားမက်စ်ဘက်က ထည့်သွင်းပြီး ဗီဒီယိုဖိုင်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပါသေးတယ်။
အခု ၂၄ နှစ်သား အိုရီဒါနိုကို သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်ကို ဆက်လက် ထုတ်ပြရာမှာ ဟားမက်စ်ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒန်က အရင် အစ္စရေးတပ်တွေ ဓားစာခံတွေနားနီးကပ်လာပြီး လွတ်မြောက်သွားမှုတွေရှိလို့ ဒီတစ်ကြိမ် မြေအောက်ဥမင်တွေထဲ စစ်ဆင်ရေးမှာ ထပ်နီးကပ်လာရင် ဓားစာခံတွေကို သတ်ဖို့ အမိန့်ပါပေးထား ကြောင်း ထည့်သွင်းဖော်ပြ ခြိမ်းခြောက်သွားတာဖြစ်ပါတယ်။
အစ္စရေးမှာ ဒီလို ဓားစာခံတွေ မလွတ်မြောက်နိုင်ဘဲ သတ်ဖြတ်ခံနေရမှုအတွက် ပြည်သူသန်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေမှုကို ဟားမက်စ်က တန်ပြန်ဆိုက်ဝါးသွင်းပြီး လူထုအုံကြွမှု ပိုမိုဖြစ်ပွားအောင် လုပ်ဆောင်နေတာဖြစ် ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ရက်ကမှ ရှင်းချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
Ref:Thesun
MKF-001











