မဲခေါင်၊ သြဂုတ် ၃၀
ရုရှား ထိုးစစ်ဆင်နေတဲ့ ယူကရိန်းရဲ့ ကရာမာတော့ရှ်ဒေသမှာ ရုရှားရဲ့ အနိမ့်ဆုံးပျံသန်းနိုင်တဲ့ SU-25 တိုက်လေယာဉ်တစ်စီးကို Portable တစ်ယောက်တည်းကိုင်ပြီးပစ်နိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေး ဖျက်ဒုံးနဲ့တင် ပစ်ချလိုက်နိုင်ကြောင်း ယူကရိန်း တပ်မဟာ ၂၈ က ဗီဒီယို သက်သေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းမီဒီယာ Babel က ရုရှားရဲ့ SU-25 တိုက်လေယာဉ်ဟာ တစ်စီးကို ပေါင် ၈ သန်းတန်ပြီး နှစ်စီး ပျံသန်း လာရာမှာ တစ်စီးနောက်ကို ပြန့်ကျဲထွက်တဲ့ အပူလိုက်ဒုံးက တိကျစွာ ပစ်ခတ်လို့ ကောင်းကင်ပေါ်မှာပဲ မီးလောင် ပေါက်ကွဲသွားကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ နှစ်ဖက် ပျက်စီးဆုံးရှုံးမှုတွေကို အဓိကတွက်ချက်ဖော်ပြတဲ့ OSINT စီမံကိန်း Oryx အဆိုအရ အခုနောက်ဆုံး ပစ်ချခံလိုက်ရတဲ့ SU-25 တိုက်လေယာဉ်ဟာ ယူကရိန်းလက်ချက်ကြောင့် ပျက်စီး ပေါက်ကွဲခဲ့ရတဲ့ ၃၃ စင်းမြောက် SU-25 တိုက်လေယာဉ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
တခြားသော သတင်း ရင်းမြစ်တွေအရဆိုရင်တော့ ပူတင်ဟာ ယူကရိန်းလက်ချက်ကြောင့် SU-25 တိုက်လေယာဉ် ၄၃ စီးအထိ ပျက်စီး ခဲ့ရပြီးဖြစ်ကြောင်း သိရှိရပါတယ်။
လက်ရှိမှာ အလုံးအရင်းနဲ့တိုက်နေတဲ့ ဒွန်ဘက်စ်နဲ့ ခရိုင်းမီးယားက ရုရှားတပ်တွေ ပြန်လည်တပ်ဆုတ်ပြီး ယူကရိန်းတက်သိမ်းပိုက်ထားတဲ့ ရုရှားနိုင်ငံတွင်းက ကက်ရှ်ဒေသကို ပြန်လာစေဖို့ ယူကရိန်း ဘက်က အမေရိကန်နဲ့ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ F-16 တိုက်လေယာဉ်တွေကိုပါ ဒီလအတွင်း ပထမဆုံး အကြိမ် စတင်အသုံးပြုတိုက်ခိုက်နေတာကြောင့် ရုရှားဘက်က အထိနာမှုတွေ ပိုမိုများပြားနေရတာဖြစ်ပါတယ်။
Ref:Thesun
MKF-001











