မဲခေါင်၊ သြဂုတ် ၂၉
အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ဖြတ်ကျော်ပြီး လူပေါင်း ၁၂၀၀ ကို ဟားမက်စ်တွေ သတ်ဖြတ်သွားသလို ဓားစာခံအဖြစ် အယောက် ၂၅၀ ကို ဖမ်းဆီးသွားရာမှာ ပါသွားခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ကလေး ၁၁ ယောက်ဖခင် အယ်လ်ကာဒီကို ဂါဇာကမ်းမြောင်ဒေသတွင်းက ဥမင်ထဲကနေ အစ္စရေး စစ်သားတွေ ကယ်တင်နိုင်ခဲ့ပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရအပြီး ၃၂၆ ရက်အကြာမှာ အယ်လ်ကာဒီဟာ နှစ်ဖက်သဘောတူညီချက်နဲ့ ဓားစာခံလဲလှယ်မှုက မဟုတ်ဘဲ ဟားမက်စ်တွေလက်ထဲက ပထမဆုံး လွတ်မြောက်လာသူအဖြစ် ကျန်းမာရေး ကောင်းမွန်စွာနဲ့ နေရပ်အစ္စရေးနိုင်ငံကို ပြန်လာနိုင်ခဲ့သူ ဖြစ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။
အယ်လ်ကာဒီဟာ ကစ်ဘတ်ဇ်မီဂန်အရပ်က ထုပ်ပိုးမှုစက်ရုံအစောင့်အဖြစ် အရင် အလုပ် လုပ်နေခဲ့ပြီး ရာဟတ်မြို့တောင်ပိုင်းမှာ သားသမီးမြေများစွာနဲ့ အတူနေထိုင်သူဖြစ်သလို အာရပ်ဘာသာနဲ့ ဟီဘရူးဘာသာ နှစ်မျိုးစလုံး ကျွမ်းကျင်စွာ ပြောတတ်သူလည်း ဖြစ်ပါတယ်။
လက်ရှိအထိ မရှင်းလင်းသေတာက အယ်လ်ကာဒီဟာ လက်နက်ကိုင်ဟားမက်စ်တွေ အများအပြား အစောင့်ထားတဲ့ကြားက ဘယ်လိုလွတ်လာပြီး ဓားစာခံတွေကို ဥမင်းထဲအထိ လိုက်လံကယ်ဆယ်နေတဲ့ အစ္စရေး စစ်တပ်နဲ့ အထူးထောက်လှမ်းရေးအဖွဲ့တွေရှိရာနားဆီ ရောက်လာသလဲဆိုတာဖြစ်ပြီး အမေရိကန်ပါ ဝင်ကူညီနေတဲ့ အထူးထောက်လှမ်းရေး သတင်းအချက်အလက်ကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
အယ်လ်ကာဒီ လွတ်မြောက်လာလို့ ဓားစာခံအဖြစ် ဟားမက်စ်တွေ ဖမ်းသွားတဲ့ ၂၅၁ ယောက်မှာ ဓားစာခံချင်း လဲလှယ်မှုကနေ အရပ်သား ၁၀၅ ဦးတစ်ကြိမ်၊ ၄ ဦးတစ်ကြိမ်၊ အရှင် ကယ်ထုတ်နိုင်သူ ၈ ယောက်၊ သေဆုံး အလောင်းတွေ့သူ ၃၀၊ ဓားစာခံကို ကယ်ဆင်ရင်း မှားယွင်းပစ်ခတ်မိမှုကနေ သေဆုံးသူ ၃ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ခန့်မှန်းမှုအရ ဟားမက်စ်တွေဟာ လက်စားချေ သတ်ဖြတ်မှုတွေကို ဓားစာခံတွေအပေါ်လည်း လုပ် ဆောင်ခဲ့လို့ အသက်ရှင်လျှက် အများဆုံး ကျန်နိုင်တာ အယောက် ၅၀ အများဆုံးပဲဖြစ်မယ်လို့ ခန့်မှန်းထား ကြောင်း သိရှိရပါတယ်။
Ref:Thesun
MKF-001










