မဲခေါင်၊ ဩဂုတ် ၂၇
အစ္စရေးအပေါ် အီရန်နဲ့အပေါင်းအပါအဖွဲ့တွေ အလုံးအရင်း တိုက်ခိုက်မှု လုပ်လာမယ့်ရန်ကို ကာကွယ်ပေးဖို့ အမေရိကန်စစ်ဌာနချုပ်ဟာ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်ဗဟိုကို နောက်ထပ် လေယာဉ်တင်သင်္ဘော သီအိုဒိုရီရုစ်ဗဲလ်ကို ထပ်မံ စေလွှတ်လိုက်ကြောင်း ပင်တဂွန်ကနေ ထုတ်ပြန်ကြေညာသွားပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်း အမေရိကန်စစ်ဌာနချုပ်မဟိုအတွက် အေဘရာဟင်လက်ကွန်း လေယာဉ်တင် သင်္ဘောစေလွှတ်ပးထားပြီး နောက်ထပ် ရုစ်ဗဲလ် လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ ရေငုပ်သင်္ဘောတစ်စီးပါ ထပ်မံ စေလွှတ်ပေးလိုက်တာဖြစ်ကြောင်း ဩဂုတ် ၂၇ ရက်နေ့မှာ ပင်တဂွန် သတင်းထုတ်ပြန်ရေးမှူး ပတ်ရိုက်ဒါက မီဒီယာတွေကို ထပ်မံသတင်းထုတ်ပြန်သွားတာဖြစ်ပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းပိုင်းက အီရန်ထောက်ပံ့ ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ လောင်ချာပစ်စင် ပစ်မှတ်ပေါင်း ၄၀ ကို တိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာဘက်ကလည်း အစ္စရေးဘက်ကို လက်နက်ကြီးနဲ့ဒုံးကျည် အလုံး ၃၀၀ ကျော်နဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးမြောက်ပိုင်းဒေသ မှာ ရေတပ်စစ်သားတစ်ယောက် သေဆုံးခဲ့လို့ တင်းမာမှုတွေ မြင့်သထက်မြင့်မားလာပါတယ်။

အမေရိကန်ဘက်ကတော့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးတိုက်ခိုက်ခြင်းမှာ ထောက်လှမ်းရေးသတင်းရင်းမြစ် တွေ၊ ကင်ထောက် စောင့်ကြည့်မှုတွေ၊ ဟစ်ဇ်ဘိုလာဘက်က ပစ်မှတ်မှုတွေကို ကြားက ဝင်ရောက်တားဆီး ပစ်ချပေးတာသာ လုပ်ပေးပြီး တိုခိုက်မှုမှာ ဝင်မပါခဲ့ကြောင်း ပတ်ရိုက်ဒါက ဆက်လက်ရှင်းလင်းထုတ်ပြန် သွားပါတယ်။
အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ လက်ဘနွန်နိုင်ငံထဲမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ကို ရှင်းလင်းမှုဖြစ်စဉ်တွေကြောင့် အီရန်နဲ့ အပေါင်းအပါ ဟစ်ဇ်ဘိုလာ၊ ဟားမက်ဇ်၊ ဟူသီအဖွဲ့တွေက အစ္စရေးအပေါ် ပူးပေါင်း တိုက်ခိုက်ဖို့ စီစဉ်နေတဲ့အတွက် အမေရိကန်ဘက်က နောက်ထပ် လေယာဉ်တင်သင်္ဘောအုပ်စုကို ထပ်မံစေလွှတ်ပြီး စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
Ref: maritime-executive
MKF-001








