မဲခေါင်၊ သြဂုတ် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ဟာဆီနာ အိန္ဒိယနိုင်ငံကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားရတဲ့အထိ ဆိုးရွား ဖြစ်တည်ခဲ့တဲ့ လူထုသပိတ်ကြီးပြီးဆုံးသွားပြီးနောက်မှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး လူနည်းစု ဟိန္ဒူ ဘာသာဝင်တွေကို လူများစု အစ္စလာမ်ဘာသာဝင်တွေက ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှု တွေရှိနေသေးလို့ ဟိန္ဒူတွေဟာ အိန္ဒိယနယ်စပ်မှာ စုရုံးရောက်ရှိနေပြီး ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။
မကြာသေးခင်ကပဲ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဟိန္ဒူဘာသာဝင်တွေမှန်သမျှကို ကူညီရမယ်လို့ ပြောဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာ ရောက်ရှိ နေခဲ့ကြတာဖြစ်ပါတယ်။
နယ်စပ် ခြံစည်းရိုးအနီး ကိုက် ၁၅၀အတွင်း မကပ်ရလို့ ဥပဒေသတ်မှတ်ထားတာကြောင့် အိန္ဒိယ နယ်ခြားစောင့် တပ်တွေရော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တွေကပါ လူအုပ်ကြီးကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနေရသလို လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပို့မှုတွေလည်း လုပ်ပေးနေရပါတယ်။
တချို့က လုံခြုံရေး နည်းမယ် ထင်တဲ့ နယ်စပ်ခြံစည်းရိုးတွေနားအထိ သွားရောက်ပြီး ကျော်ဝင်ဖို့ ကြိုးစားနေလို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အကြား တိုင်ပင်ဆွေးနွေးဖို့ အရေးပေါ်အခြေအနေ ကြုံနေရပြီဖြစ်ပါတယ်။
Ref: dw
MKF-001











