မဲခေါင်၊ သြဂုတ် ၁၉
နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တာလီဘန်အစိုးရရဲ့ ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံမှုများစွာ ရှိနေရာမှာ အီရန်ဟာ သူတို့နိုင်ငံအရှေ့ဘက်ခြမ်း အာဖဂန်နဲ့ နယ်စပ်တစ်လျှောက်လုံး ခြံစည်းရိုးတံတိုင်း ကာရန်နေရာမှာ လုပ်ငန်းလျှင်မြန်စွာ တိုးတက်နေကြောင်း အီရန် ဗိုလ်မှူးချုပ် စီယက်စ်အမာနိုလာဟီက ဩဂုတ် ၁၈ ရက်မှာ လုပ်ငန်းခွင်ကို သွားရောက်လေ့လာပြီး ထုတ်ပြန်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အီရန်ဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်ခြားစည်း ၂၉၇ ကီလိုမီတာကို ၄ မီတာအမြင့် တံတိုင်းပေါ်မှာ သံစည်းရိုးပါ ထပ်တင်ကာရံဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီစီမံကိန်းအတွက် ကုန်ကျငွေဟာ ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးချူုပ် အမာနိုလာဟီက စီမံကိန်းကို ၃ နှစ်အချိန်ယူရမယ်လို့ ကနဦးမျှော်လင့်ထားပေမယ့် လက်တွေ့ လုပ်ငန်းစဉ်တွေဟာ အထူးမြန်ဆန်ချောမွေ့နေတာကြောင့် ဒီနှစ်ကုန်ပိုင်းမှာတင် အပြီးသတ်နိုင်မှာဖြစ်ပြီး နိုင်ငံနယ်စပ်ရေးရာ လုံခြုံမှုအတွက် အရေးပါတဲ့ အကာအရန်တစ်ခု ထူထောင်နိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန် ပြောဆိုသွားပါတယ်။
လက်ရှိမှာ အီရန်ဟာ အစ္စရေးနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစ္စရေးကို လက်ဝေခံအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်၊ ဟူသီ၊ ဟစ်ဇ်ဘိုလာတို့နဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ရှိနေရာမှာ ဒီတိုက်ခိုက်မှုသာဖြစ်ပွားခဲ့ရင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး အလုံးစုံစစ်ပွဲဖြစ်ပွားဖို့ သေချာသလောက်ရှိမှာဖြစ်ပါတယ်။
Ref: ariananews
MKF-001








