မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၄ ရက်နေ့မှာပဲ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ ထရိုင်ဘူဗန်လေဆိပ် ပြေးလမ်းကနေ အတက် Saurya လေကြောင်းလိုင်းပိုင် လေယာဉ်ငယ် တိမ်းစောင်းပြီး ပေါက်ကွဲသွားခဲ့လို့ လိုက်ပါသူအားလုံးထဲမှာ လေယာဉ်မှူးကလွဲလို့ အကုန် သေဆုံးခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ဒီလေယာဉ်ဟာ ပုခ်ဟာရာလေဆိပ်ကတခြား လေယာဉ်တစ်စီးပျက်နေတာကို ပြင်ဆင်ဖို့ သွားတာဖြစ်ပြီး လေယာဉ်ဝန်ထမ်း ၂ ဦးနဲ့ လေယာဉ်ပြင်ဆင်ပေးမယ့် နည်းပညာရှင် ၁၉ ဦးလိုက်ပါသွားခဲ့ရာက ပြေးလမ်းကအတက်မှာပဲ ဟန်ချက်မညီ တိမ်းစောင်းပြီး ပေါက်ကွဲလို့ မီးလုံးကြီးတွေ တက်လာခဲ့တာဖြစ်ပါတယ်။
အရေးပေါ် မီးသတ်ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ငြိမ်းသတ်ကယ်ဆယ်ပေမယ့် လေယာဉ်မှူးတစ်ဦးကိုသာ အသက်ရှင်လျှက် ကယ်တင်နိုင်လို့ ဆေးရုံပို့ခဲ့အပြီး ကျန် ၁၈ ဦး သေဆုံးမှုမှာ နိုင်ငံခြားသား နည်းပညာရှင် တစ်ဦးလည်းပါဝင်ခဲ့တယ်လို့ လေဆိပ်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
Ref: cgtn
MKF-001








