မဲခေါင်၊ ဇူလိုင် ၈
ဇူလိုင် ၆ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီကနေ ဇူလိုင် ၇ ရက် မနက် ၆ နာရီအတွင်း ထိုင်ဝမ်ရေလက်ကြားကို တရုတ်လေယာဉ် ၁၅ စီးနဲ့ စစ်သင်္ဘော ၁၀ စီး လာရောက် လှည့်ပတ်နေခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
တရုတ်စစ်လေယာဉ် ၁၅ စီးမှာ ၁၄ စီးဟာ နှစ်နိုင်ငံပိုင်နက်ကြားခံစည်းကို ပိုင်နက်ကျော်လွန် ဝင်ရောက်ခဲ့လို့ ကျွန်းရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို အသင့်ပြင်ထားရသလို အနီးကပ်စောင့်ကြပ်ဖို့ ထိုင်ဝမ် ဖိုက်တာဂျက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ကမ်းရိုးတန်းဒေသမှာ စေလွှတ်ထားကြောင်းပါ ထိုင်ဝမ်ဘက်က ထုတ်ပြန်ပါတယ်။
ဒီလထဲမှာပဲ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက စောင့်ကြည့်သိရှိခဲ့ရတဲ့ တရုတ် စစ်လေယာဉ်ဝင်ရောက်မှု စောင့်ခြင်းခြင်း ၁၄၆ ကြိမ်၊ စစ်သင်္ဘောစောင့်ကြည့်မှု ၄၅ ကြိမ် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ပိုင် ကုန်မြေခွဲထွက်နေတဲ့ ကျွန်းသာဖြစ်လို့ တရုတ်ပြည်မကြီးအပိုင်နယ်မြေဆိုပြီး သတ်မှတ်ထားလို့ သီးခြားရပ်တည်ဖို့ စီစဉ်တဲ့ ထိုင်ဝမ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနောက်ပိုင်း စစ်အင်အား အလုံးအရင်းနဲ့ ဆက်တိုက်ဆိုသလို ထိုင်ဝမ်ရေလက်ကြားမှာ လှည့်ပတ်အင်အားပြ ခြိမ်းခြောက်နေခဲ့တာဖြစ်ပါတယ်။
Ref: taiwannews
MKF-001








