ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

မဲခေါင် 5 Jul - 2024
အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂ စီးနဲ့ အလိုအလျှောက် ဟောင်ဝစ်ဇာ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိ တိုက်ခိုက်ရေးယာဉ် M109A7 ၁၈ စီးကို နေတိုးရဲ့ အရှေ့တံခါးဖြစ်တဲ့ ပိုလန်နိုင်ငံ ပိုးဝစ်ဇ်ရွာကို ပိုဆောင်နေရာပြောင်းလဲ ချထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၅

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂ စီးနဲ့ အလိုအလျှောက် ဟောင်ဝစ်ဇာ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိ တိုက်ခိုက်ရေးယာဉ် M109A7 ၁၈ စီးကို နေတိုးရဲ့ အရှေ့တံခါးဖြစ်တဲ့ ပိုလန်နိုင်ငံ ပိုးဝစ်ဇ်ရွာကို ပိုဆောင်နေရာပြောင်းလဲ ချထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ပိုဝစ်ဇ်ရွာမှာ အမေရိကန်ရဲ့ ဥရောပအခြေစိုက် လက်နက်ခဲယမ်းသိုလှောင်စနစ် (Army Prepositioned Stock /APS) ထားရှိပြီး ပိုလန်နဲ့အမေရိကန် စစ်တပ် ပူးပေါင်းထားတဲ့ အမှတ် ၄၀၅ ကွင်းဆက်ထောက်ပို့တပ်မဟာအတွက် ပေးပို့တာဖြစ်ပါတယ်။

စခန်းချ ထားတဲ့နေရာဟာ အမှတ် ၃၃ လေတပ်အခြေစိုက်စခန်းနဲ့နီးလို့ လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ ခဲယမ်း၊ အပိုပစ္စည်း၊ ဆီ၊ တခြား လိုအပ်တာတွေ ကို အမြန်ဆုံးပို့ဆောင်နိုင်တဲ့အခြေအနေကို ပြင်ဆင်ထားတာဖြစ်ကာ ရုရှားနဲ့ စတင်စစ်ဆိုင်ခဲ့ရင် ချက်ချင်း ထောက်ပို့ ပေးနိုင်မယ့် ဇုန်အဖြစ် သတ်မှတ်ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန်ရဲ့ စစ်ရေးစီမံကိန်းအဖြစ် ဒီစီမံကိန်းကို ချမှတ်ထားတာနှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် ကမှ ပိုလန်နဲ့စာချုပ်ပြီးစီးလို့ သိုလှောင်ထားရှိမယ့် နေရာ အသင့်မဖြစ်သေးလို့ ဂျာမနီမှာ စုဆောင်းထားရှိရာက အခု ပိုးဝစ်ဇ်မှာ အခြေစိုက်ထားရှိမှုတွေ စတင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

အမေရိကန်မှာ ဒီလို ပြည်ပအခြေ စိုက် လက်နက်ခဲယမ်းသိုလှောင်ရုံကြီးပေါင်း ၇ ခု ရှိပါတယ်။ APS-1 ကို အမေရိက၊ ၂ APS-2 ကို ဥရောပ၊ APS- 3 ကို ပစ္စိဖိတ်ဒေသ ဒီယေဂိုဂါစီယာကျွန်း၊ APS-4 ကို ဂျပန်နဲ့ တောင်ကိုရီးယား၊ APS-5 ကို ကူဝိတ်နဲ့ ကာတာ၊ APS-6 ကို ချာလက်စတန်၊ ကန်ဆက်စ်၊ ဂွမ်တာနာမိုပင်လယ်ကွေ၊ ကျူးဘား၊ ဒီယေဂိုဂါစီယာကျွန်းမှာထားရှိပြီး APS-7 ကို အီတလီမှာ အခြေစိုက်ထားရှိပါတယ်။

ပိုးဝစ်ဇ်က APS ကို နေတိုးလုံခြုံရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ် ရန်ပုံငွေနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ် တာဖြစ်ပြီး ဒေါ်လာ သန်း ၂၁၀ ကုန်ကျခံရာမှာ အမေရိကန်ဘက်က ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ကျခံ သုံးစွဲပေးခဲ့ပါတယ်။

ရုရှားဘက်က ဥရောပကို စတင်ကျူးကျော်လာရင် ပိုးဝစ်ဇ်စခန်းနဲ့ စတင်ထိတွေ့မှာဖြစ်ပြီး Financial Times ကဖော်ပြတဲ့သတင်းတစ်ရပ်မှာတော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လိုအပ်ချက် များစွာရှိနေသေးတယ်လို့ ထောက်ပြထားပါတယ်။

အရေးအကြီးဆုံးကာကွယ်ရေးစနစ်ကလည်း လေကြောင်းရန် ကာကွယ်ရေးစနစ်သာဖြစ်ကြောင်း နေတိုးအကြီးအကဲတစ်ယောက်ကလည်း ဝန်ခံထားကြောင်း၊ ဆက်လက် ပြင်ဆင်သွားမှာဖြစ်ကြောင်း Financial Times ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ref: bulgarianmilitary
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now