မဲခေါင်၊ ဇွန် ၂၅
ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြနေကြပါတယ်။
တချို့သတင်းတွေမှာ အယောက် ၂၀ ကျော် သေဆုံးကြောင်းဖော်ပြသလို တချို့သတင်းတွေမှာတော့ ကာတာမှာအခြေစိုက်ပြီး ပါလက်စတိုင်းမြေမှာ ဟားမက်စ်တွေကို ဦးဆောင်အုပ်ချုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင် ဟာနီယက်ချ်ရဲ့ ဂါဇာမိသားစုနေအိမ်ပါ ထိမှန်လို့ ညီမဖြစ်သူနဲ့ အမျိုးတွေ သေဆုံးမှုဟာ ၁၀ ယောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။
အစ္စရေးဘက်ကတော့ ရှာတီဒုက္ခသည်စခန်းမှာ စစ်စခန်းအဖြစ် နေထိုင်တဲ့ ဟားမက်စ်အကြီးအကဲတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူအစုအပြုံလိုက်သတ်သွားလို့ တိုက်ခိုက်ရှင်းလင်း ရတာဖြစ်ကြောင်း ဒီလူတွေဟာ သူတွေလည်းဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။
အစ္စရေးပြည်တွင်း နိုင်ငံရေးအခြေအနေကလည်း အပြင်းထန်ဆုံးဖြစ်နေပြီး ဝန်ကြီးချုပ် နက်တန်ယာဟုကို တပ်မတော်အကြီးအကဲတွေက စီမံခန့်ခွဲပုံ မကျေနပ်လို့ ရာထူးချပြီး နေရာအစားဝင်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။
နက်တန်ယာဟုကို ပြည်သူသိန်းချီ လမ်းပေါ်ဆန္ဒပြနေကြပြီး ဟားမက်စ်နဲ့စစ်ပွဲက အမြန် မပြီးပြတ် နိုင်သလို အိမ်နီးချင်းလက်ဘနွန်က ဟစ်ဇ်လိုလာနဲ့လည်း တိုက်ခိုက်နေရလို့ ပေးဆပ်မှု များတဲ့အပေါ် မကျေ မနပ်ဖြစ်ကုန်တာပါ။
ဒါကြောင့် နက်တန်ယာဟု အခွင့်ထူးခံအဖြစ်ပေးထားတဲ့ သူ့အဓိက ထောက်ခံပါတီ အစွန်းရောက် အော်သိုဒေါ့ ဘာသာရေးကျောင်းတက်သူတွေ စစ်မှုမထမ်းရဥပဒေကို လွှတ်တော်မှာ အားလုံးက ပယ်ဖျက်ပြီး အော်သိုဒေါ့ ကျောင်းသားအားလုံးလည်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဇွန် ၂၅ ရက်မှာ အတည်ပြုထုတ်ပြန်သွားပါတယ်။
Ref: voanews
MKF-001








