မဲခေါင်၊ ဖေဖော်ဝါရီ ၇
ဥပဒေပြဌာန်းခဲ့တဲ့ ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သည်အလောင်းအခါင်း တောင်ပုံယာပုံကို နေအိမ်ပြန်ပို့ပေးဖို့ ကမ္ဘာ့အကြီးမားဆုံးစစ်ဂျက်လေယာဉ်ကြီးနဲ့ သယ်နေတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။
ယူကရိန်းကျူးကျော်စစ်စတင်ဆင်နွှဲချိန်ကတည်းက စစ်တပ် ဂုဏ်သိက္ခာကျစေတဲ့ ဖြစ်စဉ်တွေကို မှန်ကန် သည်ဖြစ်စေ ထုတ်ပြန်ရင် ပြင်းထန်စွာအရေးယူမယ်လို့ ပူတင်က ထုတ်ပြန်ခဲ့တဲ့အတွက် ဒီလို ရုရှားစစ်သား အခေါင်းတွေ၊ အလောင်းတွေ ပေါက်ကြားမြင်တွေ့ရမှု ရှားပါးလွန်းပါတယ်။
ဒါပေမဲ့အခု ကမ္ဘာ့အအေးခဲဆုံးမြို့တွေထဲပါတဲ့ ရုရှားရဲ့ နာရန်းဂရီးလေဆိပ်မှာ သစ်သားအခေါင်းပေါင်းများစွာကို လေယာဉ်ပေါ် တင်နေခဲ့တဲ့ မှတ်တမ်းတွေ ထွက်ပေါ်ခဲ့ပြီး ရုရှားစစ်သားတစ်ဦးကပဲ ရိုက်ကူးထားတဲ့ မှတ်တမ်း ဖြစ်လို့ ပူတင်ဒေါသထွက်ပြီး တရားခံကို ရှာဖွေခိုင်းနေကြောင်းလည်း သိရှိရပါတယ်။
လေယာဉ်နားကို ကုန်တင်ကားတွေနဲ့ ရုရှားစစ်သားအခေါင်းတွေကို ဆက်တိုက်သယ်ဆောင်လာတာလည်း မှတ်တမ်းမှာပါရှိပါတယ်။
လက်ရှိမှာ ပူတင်ဟာ အဗဒစ်ကာ မြို့ကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေ တာကြောင့် စေလွှတ်လိုက်တဲ့ ရုရှားတပ်သား ၄ ပုံ ၃ ပုံအထိ သေကြေခဲ့ရကြောင်း၊ တစ်လအတွင်း ဒီစစ်မျက်နှာ ပြင်မှာ ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ခဲ့ရာက ရုရှားစစ်သားအလောင်းတွေ ရော့စတော့ဗ်အွန်ဒန်မှာ တောင်ပုံ ယာပုံရှိနေကြောင်း သိရှိရပါတယ်။
ပူတင်ဟာ မေလ ရွေးကောက်ပွဲမတိုင်ခင် ယူကရိန်းအရှေ့ပိုင်း ကပ်ယန့်ခ်စ် မြို့ကိုလည်း အပြီးသိမ်းဖို့ စစ်သည် ၄၀၀၀၀၊ တင့်ကား ၅၀၀ နဲ့ ဟောင်ဝစ်ဇာအမြောက် ရာချီပြီး ချီတက်အားဖြည့်ခိုင်းထားကြောင်းလည်း သိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#လေယာဥ်
#ပြန်သယ်












