မဲခေါင်၊ ဒီဇင်ဘာ ၂၁
အစ္စရေးတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောက်ဒေသ ဗဟိုချက်ကို သိမ်းပိုက်ဖို့ မြေပြင်ထိုးစစ် ဆင်နွှဲရာမှာ ဟားမက်စ်စစ်သား ၆၀၀ ကျော် သေဆုံးပြီးနောက် ဟားမက်စ်ခေါင်းဆောင်တွေရဲ့ ရုံးချုပ်နဲ့ ဆက်သွယ်ထားတဲ့ မြေအောက်အကြမ်းဖက်ဥမင်ကွန်ရက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာသွားပါတယ်။
ဟားမက်စ်ခေါင်းဆောင် ဂါဇာဘင်လာဒင်ခေါ် ယာဟွာဆင်ဝါရဲ့ အတွင်းရေးမှူးနေထိုင်ရာ အိမ်တော်ကို အစ္စရေး စစ်တပ်က ဝင်ရောက်စီးနင်းခဲ့အပြီး ဒီအိမ်အောက်ဘက်မှာ ဓာတ်လှေကားရော၊ ရိုးရိုးလှေကားနဲ့ပါ မြေအောက် ဥမင်ဆီသွားတဲ့ လမ်းဝကို တွေ့ရှိခဲ့ကြောင်း၊ ဒီဥမင်ဟာ ယာဟွာဆင်ဝါ၊ အစ္စမေးလ်ဟာနီယက်နဲ့ မူဟာမက်ဒီအစ်ဖ် တို့လို ဟားမက်စ်ခေါင်းဆောင်တွေနေအိမ်တွေနဲ့ ဆက်သွယ်ထားပြီး အစ္စရေးဘက်ကို ပစ်ခတ်တိုက်ခိုက်တဲ့ လက် နက်တွေ၊ ဒုံးကျည်တွေဟာလည်း ဂါဇာရင်ပြင်အောက် ဒီဥမင်တွေထဲကနေ ပုန်းကွယ်ပစ်ခတ်တာဖြစ်ကြောင်း၊ ဥမင်တွေထဲမှာ လမ်းစသိရင် အလိုအလျှောက်ပေါက်ကွဲပြီး လမ်းပိတ်အစဖျောက်နိုင်တဲ့ ဖောက်ခွဲတံခါးတွေလည်း တပ်ဆင်ထားကြောင်း အစ္စရေးရုပ်သံ Channel 13 က ကြေညာသွားပါတယ်။
အစ္စရေးတပ်တွေဟာ ဒီရက်ပိုင်းထဲ တိုက်ပွဲတွေမှာ ယာဟွာဆင်ဝါကို နှစ်ကြိမ်တိုင် ဖမ်းမိလုနီးပါးအခြေအနေ ရှိခဲ့ ပေမယ့် မြေအောက်ဥမင်တွေထဲ ဝင်ရောက်ပြီး နှစ်ကြိမ်စလုံး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ဟားမက်စ်
#အစ္စရေး
#ဥမင်
#ကွန်ရက်
#ရုံးချုပ်















