မဲခေါင်၊ ဒီဇင်ဘာ ၈
ယူကရိန်းထောက်လှမ်းရေးအဖွဲ့ SBU အေဂျင်စီဟာ နိုင်ငံအပေါ် သစ္စာဖောက်ပြီးပူတင်ဘက်တော်သားအဖြစ် ရုရှားက ယူကရိန်းကိုကျူးကျော်ဖို့ ပါဝင်တိုက်တွန်းခဲ့တဲ့ နိုင်ငံလွှတ်တော် အမတ်ဟောင်း ၂ ဦးကို ၂၄ နာရီ အတွင်း လုပ်ကြံရှင်းလင်းနိုင်ခဲ့ကြောင်း ဝန်ခံအတည်ပြုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းလွှတ်တော်မှာ ဆိုရှယ်လစ်ပါတီ လွတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အတိုက်အခံပါတီအဖြစ် ယူကရိန်းလွှတ်တော်မှာ ကန့်ကွက်အဆိုတွေ တင်သွင်းခဲ့တဲ့ အီလျာကိုင်ဗာ (၄၆ နှစ်) ကို မော်စကိုမြို့ ပန်းခြံထဲမှာ ဦးခေါင်းသေနတ်မှတ်ဒဏ်ရာ နဲ့ သွေးအိုင်ထဲ သေဆုံးနေတာ တွေ့ရှိခဲ့ရပါတယ်။
ခရိုင်းမီးယားကို ရုရှားသိမ်းပိုက်မယ် အစီအစဉ်ကို ပူတင်ရဲ့ ဩဇာခံ ဒလံတွေအဖြစ်နဲ့ နိုင်ငံကို သစ္စာဖောက်ပြီး လက်ရှိ ရုရှား မူဝါဒရေးရာကို ရုပ်သံကနေ ထောက်ခံ တင်ပြ သူလုပ်နေတဲ့ ကိုင်ဗာကို မော်စကိုမှာ လုပ်ကြံပြခြင်းဟာ ပူတင်တံခါးပေါက်ကို အချိန်မရွေး လာခေါက်နိုင်စွမ်းရှိ တယ်ဆိုတာကို သတိပေးတာဖြစ်ကြောင်း ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီ SBU က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဖြစ်အပြီး ၂၄ နာရီအကြာမှာပဲ ကိုင်ဗာလိုပဲ ယူကရိန်းကနေ ရုရှားဘက် ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ စစ်ရာဇဝတ်သားလည်းဖြစ် တစ်ချိန်က ရုရှားထောက်ခံ လွှတ်တော်အမတ်အဖြစ် တာဝန် ယူခဲ့သူ အိုလက်ဂ်ပိုပေါ့ကိုလည်း SBU ကပဲ လက်ရှိ ရုရှားသိမ်းပိုက်ခံ လူဟန့်ခ်စ်ဒေသ တစ်နေရာမှာ ကားဗုံး ထောင်ဖောက်ခွဲလုပ်ကြံခြင်းနဲ့ လက်စတုန်းလိုက်နိုင်တယ်လို့ အတည်ပြုကြေညာသွားခဲ့ပါတယ်။
ပိုပေါ့ကတော့ ၂၀၁၄ ခုနှစ်က လူဟန့်ခ်စ်ဒေသကို ရုရှားသိမ်းပိုက်ဖို့လုပ်စဉ် ယူကရိန်းထောက်လှမ်းရေး အဖွဲ့ကို လက်နက်ကိုင် ဖြိုဖျက်ကာ ရုရှားနိုင်ငံသားလျှောက်ထားပြောင်းလဲ နေထိုင်ခဲ့သူဖြစ်ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#သုတ်သင်
#သစ္စာဖောက်









