ကမ္ဘာ့သတင်း

တရုတ်ကနေ ရုရှားဆီ လက်နက်တွေ လျှို့ဝှက်ပို့တဲ့ မိုင် ၃၀၀၀ ရှည် မြေအောက်ရထားလိုင်းကို ယူကရိန်း ဖောက်ခွဲဖျက်ဆီး

မဲခေါင် 2 Dec - 2023
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ ၂၀) ကို PRA (Magway) က ထုတ်လုပ်ထားတဲ့ ၆၀ မမ ဒုံး အလုံး ၂၀ နဲ့ ဒီနေ့ ဒီဇင်ဘာ ၁ ရက်မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂

ရုရှားနိုင်ငံ ဗဟိုချက်မော်စကိုကနေ ဂျပန်ပင်လယ်အရှေ့ဘက်ကမ်းခြေအထိ ဖောက်လုပ်ထားတဲ့ မိုင် ၂၇၀၀ ရှည် မြေအောက်ရထားလမ်းကြီးထဲ ယူကရိန်းစစ်ထောက်လှမ်းရေးဝန်ဆောင်မှုအဖွဲ့ (SBU) ဦးဆောင်စီစဉ်မှုနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ တရုတ်ကနေ ရုရှားဘက်ကို ပေးပို့နေတဲ့ အဓိက စစ်လက်နက် အသုံးအဆောင်တွေ လမ်းကြောင်း ပိတ်ဆို့သွားခဲ့ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြသွားပါတယ်။

ဖောက်ခွဲတိုက်ခိုက်တဲ့ဥမင်နေရာဟာ ယူကရိန်းနယ်စပ်ကနေတွက်ရင် မိုင် ၃၀၀၀ အကွာအဝေးမှာ ရှိနေတာဖြစ် လို့ ယူကရိန်းရဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ဖျက်ဆီးတိုက်ခိုက်နိုင်စွမ်းဟာ အကောင်းဆုံးအခြေအနေမှာရှိနေ ပြီး စစ်ဆင်ရေးလုပ်ခဲ့သူအားလုံး ဒဏ်ရာမရ လွတ်မြောက်လာနိုင်တယ်လို့ ယူကရိန်းထောက်လှမ်းရေး သတင်း ရင်းမြစ်တစ်ခုက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းဘက်က ရုရှားရဲ့ ဘိုင်ကယ်-အမော် ဆက်သွယ် ဥမင်ရထားလမ်းကြီးရဲ့ ဆက်ဗရိုမိုင်းစကီး ဒေသ ၁၀ မိုင် ရှည်တဲ့ လမ်းပိုင်းမှာ ၄ နေရာ ပြင်းထန်စွာပေါက်ကွဲတာကြောင့် လေယာဉ်ဆီလှောင်ကန် ၃ ကန်အပြင် တရုတ်က ထောက်ပံ့တဲ့ လက်နက်နဲ့ ယူကရိန်းစစ်ပွဲဆင်နွှဲနေတဲ့ ရုရှားတပ်တွေအတွက် ထောက်ပို့ကုန်ပစ္စည်းတွေ တင်လာ တဲ့ ကုန်တွဲ ၄၁ တွဲပါ ရထား မီးလောင် ပျက်ဆီးသွားခဲ့တာဖြစ်သလို ဥမင်လမ်းတွေလည်း ပြိုကျပိတ်ဆို့သွားပြီလို့ ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ယူကရိန်းဘက်က ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ၁၀ မိုင်ရှည်တဲ့ ရထားလမ်းဥမင်ထဲ သွားထည့်ထားတာလား၊ ကုန်ရထားပေါ်မှာ တင်ပေးလိုက်တာလားဆိုတာကို အတိအကျမဖော်ပြဘဲ ရုရှားထိပ်သီး ထောက်လှမ်းရေးအဖွဲ့ FSB ကတော့ ဒီလမ်းပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သာ သတင်းထုတ်ပြန်ပြီး ကျန်တာတစ်စုံတရာ ထုတ်ပြန် မှုမလုပ်ခဲ့ပါဘူး။

ရက်ပိုင်းကပဲ ဇနီးဖြစ်သူ အာစင်းနစ်နဲ့ ပြဒါးပါအဆိပ် အစာထဲ ထည့်သွင်းလုပ်ကြံမှုခံရတဲ့ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ဘူဒါနော့ဗ်က ယူကရိန်းစစ်ဆင်ရေးဟာ ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်တွေ အိမ်တံခါးပေါက်အထိ လာခေါက်နေနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပေါင် ၃ ဘီလီယံ အကုန်ခံပြီး ခရိုင်းမီးယားကို သိမ်းပိုက်မှုမှာ ရုရှားကုန်းမကြီးနဲ့ ပင်လယ်ကိုဖြတ်ဖောက်ခဲ့တဲ့ Kerch လမ်းတံတားကြီးကလည်း ဆောင်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ်လို့ တံတားအောက် ဝင်ရောက်မဖျက်ဆီးနိုင်ဖို့ထားတဲ့ အကာအကွယ်တွေ လွင့်ပါပျောက်ကွယ်လို့ အလွယ်တကူ တိုက်ခိုက်နိုင်ပြီဖြစ် ကြောင်း၊ ခရိုင်းမီးယားဟာ ယူကရိန်းအပိုင်ပါလို့ ခရိုင်းမီးယားမြေပေါ် Hack လုပ်ပြီး သမ္မတ ဇီလန်းစကီးနဲ့အတူ မိန့်ခွန်းပြောဆိုအပြီး ဒီမြေအောက် မီးရထားလိုင်းကြီးထဲ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ဆီ ရုရှားသမ္မတ ပူတင်က ယူကရိန်းစစ်ပွဲအတွက် လက်နက်တွေ ထောက်ပံ့ပေးပို့ဖို့ တောင်းဆိုခဲ့တာကို ကမ္ဘာ့ နိုင်ငံရေးမျက်နှာစာမှာ ရှီကျင်းဖျင်က မပေးဘူးလို့ ငြင်းဆိုထားပေမယ့် ဒီမြေအောက် ဥမင်ရထားလိုင်းကနေ အဆက်မပြတ် လက်နက်နဲ့လိုအပ်တဲ့တခြားကုန်စည်တွေကို ဆက်တိုက်ပေးပို့နေတာ ဖြစ်တယ်လို့လည်း SBU ထိပ်တန်းအရာရှိတွေက ယုံကြည်ယူဆထားပါတယ်။

Ref:The Sun
MKF-001

#MeKongNews

#ရုရှား

#ယူကရိန်း

#တရုတ်

#ဖောက်ခွဲ

#ဥမင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now