မဲခေါင် ၊ ဒီဇင်ဘာလ ၂၉
လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထံ အလင်းဝင်လာခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အဲ့ဒီစစ်ကောင်စီတပ်သားဟာ MA သေနတ် ၁ လက် ၊ ကျည်ဆံ ၂၀၀ ကျော်နဲ့အတူ အလင်းဝင်လာခဲ့တာကြောင့် TNLA တပ်ဖွဲ့က ကြိုဆိုလက်ခံခဲ့ပါတယ်။
လားရှိးမြိုတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၁၂ ခြေမြန်ရင်းမှ တပ်သားဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိတာဘဲ မြောက်ပိုင်းညီနောင်မဟာမိတ်နဲ့အတူ ပြည်သူလူထုဘက်က ရပ်တည်ချင်တာကြောင့် PSLF/TNLA ထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လားရှိးမြိုနယ် ကုန်စုံရွာက စစ်ကောင်စီရဲ့ ခမရ – ၃၆၂ က တပ်သားတစ်ဦးဟာ စစ်ကောင်စီအတွက် စစ်မတိုက်ချင်တော့တာကြောင့် လက်နက်ခဲယမ်း နဲ့ အတူ PSLF/TNLA ထံအလင်းဝင်ခဲ့ဖူးပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများ နဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေအားလုံး ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြဖို့ကိုလည်း TNLA က ဖိတ်ခေါ်ထားပါတယ်။
CJ-002
#MeKongNews
#စစ်ကောင်စီ
#တပ်သား
#အလင်းဝင်
#TNLA
#တအာင်း
#ပလောင်