Uncategorized

KNU တပ်မဟာ (၃) ထိမ်းချုပ်နယ်မြေမှာ ဖြစ်ပွားတဲ့ ၁၅ ရက်တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အပါအဝင် ၄၇ ဦး သေဆုံး

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၁ KNU-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်-ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွေမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ဒုတပ်ရင်မှူး အပါအဝင် စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးတယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၁

KNU-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်-ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွေမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ဒုတပ်ရင်မှူး အပါအဝင် စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးတယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း (၃)၊ Federal Wings Drone တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား မြေပြင် တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့တဲ့ အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ရဲ့ ဒု-တပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် အတည်မပြုနိုင်တဲ့ ထိခိုက် သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

KNLA နဲ့ KNDO ဘက်မှ တိုင်းပြည်နဲ့ လူမျိုး အတွက် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ အသုံးပြုတဲ့ စစ်ကား ၂၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၁၅ ရက်အတွင်း နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ပြည်သူလူထု နေထိုင်တဲ့ ကျေးရွာတွေ အတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ် အုပ်ချုပ်နယ်မြေတွေ အတွင်းရှိ ပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
Uncategorized

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်
Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့