Others

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS ဖြေဆိုရာမှာ အသံလုံနားကြပ်တွေ အသုံးပြု IELTS on Paper Exam ဖြေဆိုရတော့မယ်လို့ Chindwin-PSB IELTS Test Centre မှဖော်ပြထားပါတယ်။

မဲခေါင်၊ မတ် ၂၃

မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS ဖြေဆိုရာမှာ အသံလုံနားကြပ်တွေ အသုံးပြု IELTS on Paper Exam ဖြေဆိုရတော့မယ်လို့ Chindwin-PSB IELTS Test Centre မှဖော်ပြထားပါတယ်။

IELTS ဖြေဆိုရာမှာ အပိုင်း ၄ ပိုင်းပါဝင်ပြီး ၂ ကြိမ် ဖြေဆိုရမှာဖြစ်ကာ Listening ၊ Reading နဲ့ Writing ကို တစ်ရက်တည်း ဖြေဆိုနိုင်ပြီး Speaking ကိုတော့ တစ်ပတ်အတွင်း ဖြေဆိုရတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။

စာမေးပွဲ ဖြေရာမှာ နည်း ၂ နည်းနဲ့ ဖြေဆိုနိုင်သလို စာရွက်နဲ့ ဖြေဆိုခြင်း-Paper Based IELTS test နဲ့ ကွန်ပြူတာနဲ့ ဖြေဆိုခြင်း-Computer Based IELTS test တို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော် IELTS ဖြေတုန်းက MICT ဝန်းထဲက ဟောခန်းထဲ လူအများကြီးနဲ့ အတူတူ ဖြေရတယ်။ Speaking ကတော့ တခြားရက်မှာ ဖြေဆိုရတာ အကြားစွမ်းရည် ဖြေတဲ့အခါ ပြဿနာက အသံချဲ့စက်တွေမှာ တချို့ဟာတွေက အဆင်မပြေဘူး။ ဝေးနေတာလည်းပါမယ်။ အသံအရည်အသွေးက တော်တော် အဆင်မပြေဘူး။ ဗလုံးဗထွေးလိုမျိုး ဖြစ်နေတော့ လိုက်နားထောင်ရင်း လွတ်ကုန်ရော။ အဲဒါနဲ့ Listening က ထင်သလောက် အမှတ် မရလိုက်ဘူး” လို့ ဖြေဆိုခဲ့တဲ့ ကျောင်းသား တစ်ဦးက ပြောပါတယ်။

IELTS ဖြေဆိုနိုင်မယ့် အမျိုးအစား ၂ မျိုးရှိပြီး IELTS Academic နဲ့ IELTS General Training ဖြစ်သလို ကျောင်းရွေးချယ်တာနဲ့ ပညာသင်ဆု ဖြေဆိုရာတွင် IELTS Academic ကို ရွေးချယ် ဖြေဆိုရတာ ဖြစ်ပါတယ်။

“အခု ပြည်တွင်းမှာဆို ပြည်ပထွက်ပြီး ပညာသင်ကြတဲ့ ကျောင်းသားတွေလည်း များလာတယ်။ အဲဒီတော့ ဘာသာစကား ကျွမ်းကျင်ဖို့ မဖြစ်မနေ လိုအပ်တယ်။ ဘယ်လို Test Preparation တွေ ပြင်ဆင်ရမလဲ။ ကိုယ် သွားမယ့် ပညာရေး လမ်းကြောင်းကို ရွေးချယ်ပြီး ဘယ်လိုပုံစံ လေ့လာရမလဲ ဆိုတာ သိထားဖို့ လိုအပ်တယ် ” လို့ ဆရာ တစ်ဦးက ပြောပါတယ်။

IELTS စာမေးပွဲဖြေဆိုရာမှာ British Council နဲ့ Chindwin-PSB ဆိုတဲ့ Test Center ၂ ခုရှိပြီး ဘယ် Test center မှာမဆို ဖြေဆိုနိုင်သလို အသိအမှတ်ပြုမှု အတူတူဖြစ်တယ်လို့ သိရပါတယ်။

အဖြေလွှာနဲ့ ဖြေဆိုရတဲ့ (IELTS on Paper) စာမေးပွဲကို ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တွေမှာ ဖြေဆိုနိုင်သလို ကွန်ပျူတာနဲ့ ဖြေဆိုရတဲ့ (IELTS on Computer) စာမေးပွဲကို လက်ရှိ ရန်ကုန်မြို့မှာ ဖြေဆိုနိုင်တယ်လို့ ပြည်တွင်း၊ ပြည်ပ ပညာရေး ဝန်ဆောင်မှု ပေးနေတဲ့သူ တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စကား စွမ်းရည် စစ်ဆေးမှုစနစ်-IELTS စာမေးပွဲ အရင်နှစ်က ၃ ဒသမ ၅ သန်းကျော် ကျင်းပ စစ်ဆေးခဲ့ပြီး အဖွဲ့အစည်းများ၊ အလုပ်ရှင်များ၊ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အာဏာပိုင်တွေနဲ့ တက္ကသိုလ်ကျောင်းပေါင်း တစ်သိန်းကျော်က လက်ခံထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others

ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပေမယ့် နွေဦးတော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

မဲခေါင် ၊ ဩဂုတ် ၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ
Others ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now