Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

မဲခေါင် 18 Mar - 2023
၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court (ICC) က ရုရှားသမ္မတပူတင်ကို ယူကရိန်းက ကလေးငယ်ပေါင်း အနည်းဆုံး ၁၆၀၀၀ ကို ဖမ်းဆီးပြန်ပေးဆွဲပြီး ရုရှားနိုင်ငံကို ခေါ်ဆောင်မှုကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက် နဲ့ ဖမ်း၀ရမ်းထုတ်လိုက်တယ်။

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court (ICC) က ရုရှားသမ္မတပူတင်ကို ယူကရိန်းက ကလေးငယ်ပေါင်း အနည်းဆုံး ၁၆၀၀၀ ကို ဖမ်းဆီးပြန်ပေးဆွဲပြီး ရုရှားနိုင်ငံကို ခေါ်ဆောင်မှုကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက် နဲ့ ဖမ်း၀ရမ်းထုတ်လိုက်တယ်။

ယူကရိန်းဟာ ICC အဖွဲ့ဝင်နိုင်ငံ ၁၂၃ နိုင်ငံထဲမှာ မပါဝင်ပေမယ့် ICC က ရှေ့နေ ကာရင်ခန်းဟာ စစ်ပွဲကာလတစ်နှစ်အတွင်း ယူကရိန်းနိုင်ငံကို ၄ ကြိမ်သွားရောက်ပြီး အရင်က စည်ကားခဲ့တဲ့ ကလေးစောင့်ရှောက်ရေးဂေဟာတွေမှာ တစ်ယောက်မှမရှိတော့တာတွေကို သက်သေစုဆောင်းနိုင်ခဲ့လို့ တရားရုံး က ဖမ်း၀ရမ်းထုတ်အောင် တင်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။

သတင်းတွေအရ ရုရှားဟာ ဒီကလေးတွေကို Brain Wash လုပ်ဖို့ အဖွဲ့အစည်းတွေနဲ့ မွေးစားအိမ်တွေကို ပို့ခဲ့တယ်လို့ သိရတယ်။

ICC ဟာ ၂၀၀၂ ဇူလိုင် ၁ ရက်နေ့မှာ တရားရုံးစံကို Rome Statute ရောမဥပဒေကျင့်သုံးကြောင်း ကြေညာတော့ အဖွဲ့ဝင် ၁၂၃ နိုင်ငံထဲမှာ ၄၂ နိုင်ငံက ၁၉၉၈ ခုနှစ်က အီတလီနိုင်ငံ ရောမမြို့မှာ သံတမန်ညီလာခံမှာ မွေးစားခဲ့တဲ့ ဒီဥပဒေသကို လက်ခံလက်မှတ်ထိုးခြင်းမရှိသေးပါဘူး။

ဒီထဲမှာ ရုရှားက အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သလို Rome Statute မှာလည်း လက်မှတ်ထိုးခဲ့ပေမယ့် ၂၀၁၆ မှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်သွားခဲ့တယ်။

ဒီတော့ ရုရှားဘက် က ICC အဖွဲ့ဝင်နိုင်ငံလည်းမဟုတ်တော့သလို ICC ရဲ့ ဖမ်း၀ရမ်းဆုံးဖြတ်ချက်ဟာလည်း ဘာအဓိပ္ပါယ်ဖွင့်ဆိုချက်မှ မရှိဘူး(No Meaning) လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာဇာခါရိုဗာ တုံ့ပြန် ပြောကြားသွားတယ်။ ဒီသတင်းဟာ လက်ရှိကမ္ဘာကို ကိုင်လှုပ်နေတဲ့သတင်းဖြစ်ပြီး အားလုံးက ICC ရဲ့ ဆုံးဖြတ် ချက်အတိုင်း ပူတင်ကို တကယ်ဖမ်းဆီးနိုင်မှာလား၊ ဘယ်လိုအခြေအနေတွေရှိလဲဆိုတာ အရမ်းသိချင်နေကြပါပြီ။

တရားစွဲခဲ့တဲ့ ICC ရှေ့နေ ကာရင်ခန်းကတော့ နာဇီစစ်ရာဇဝတ်သားတွေ၊ ယူဂိုဆလားဗီးယား သမ္မတ ဆလိုဗိုဒန် မီလိုဆီဗစ်၊ လိုက်ဘေးရီးယားခေါင်းဆောင်ဟောင်း ချားလ်စ်တိုင်လာတို့ကို ခုံရုံးတင်နိုင်ခဲ့တဲ့ သာဓကတွေအရ ပူတင်ကိုလည်း ယူကရိန်းမြေပေါ်မှာပဲ ခုံရုံးတင် ပြစ်ဒဏ်ချအမှုရင်ဆိုင်ခိုင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်။

တရုတ်လိုပဲ ICC အဖွဲ့ဝင်နိုင်ငံထဲမပါတဲ့ အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တရားမျှတတဲ့ ဖမ်း၀ရမ်းဖြစ်တယ်လို့ ထောက်ခံပြောဆိုခဲ့တယ်။

ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း ICC ရဲ့ ဖမ်း၀ရမ်းဟာ သမိုင်းတွင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝမ်းသာအားရ ထောက်ခံပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာ ICC ဆိုတာ ကုလသမဂ္ဂလက်အောက်က ICJ လို့ နိုင်ငံတကာ အသိအမှတ်ပြု တရားရုံးမဟုတ်တာက ဒီဖမ်း၀ရမ်းအပေါ် သက် ရောက်မှုနည်းပါးနေတာကို နိုင်ငံရေးသုတေသီတွေက မေးခွန်းပြန်ထုတ်နေကြပါပြီ။

Icc ရဲ့ ပူတင်ဖမ်း၀ရမ်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲက နိုင်ငံခေါင်းဆောင်တစ် ယောက်ကို ပထမဆုံး တရားစွဲဆိုလိုက်မှုလည်းဖြစ်ပါတယ်။ Rome Statute မှာ ကလေးသူငယ်များနဲ့ပတ်သက် ပြီး တရားမဝင် ဖမ်းဆီးခေါ်ဆောင်မှု၊ ယူကရိန်းကလေးငယ်တွေကို ရုရှားသားတွေဖြစ်လာအောင် သွပ်သွင်းမှု စတဲ့ ငြိစွန်းဥပဒေပုဒ်မ နှစ်ချက်နဲ့ ပူတင်ကို စွဲချက်တင်ပြီး ဖမ်း၀ရမ်းထုတ်ရာမှာ ရုရှားကလေးငယ်များအခွင့်အရေးရုံး ကော်မရှင်နာ ဥက္ကဌ လဗိုဗာဘီလိုဗာကိုပါ တူညီတဲ့စွဲချက်နဲ့ ဖမ်း၀ရမ်းထုတ်ခဲ့တာဖြစ်တယ်။

ယူကရိန်းကလေး ငယ်တွေကို မွေးစားပြီး သူတို့ ပေါ်လစီလက်ခံတဲ့ ရုရှားနိုင်ငံသားသစ်တွေဖြစ်လာစေဖို့ ရုရှားဟာ သူတို့နိုင်ငံ မြို့တွေအနှံ့မှာ ကလေးသူငယ်ထိန်းသိမ်းရေးစခန်း children’s camps ၄၃ ခုဖွင့်လှစ်ထားရှိတယ်လို့လည်း သိရတယ်။

ရုရှားဘက်က ဒီကလေးငယ်တွေ ဘေးကင်းလုံခြုံဖို့နဲ့ အနာဂတ်အတွက် ပညာတတ်မြောက်ဖို့နဲ့ စစ်ဇုန်ထဲမှာ ရှိမနေဘဲ တကယ်ချစ်ခင်တဲ့ လူတွေ အသိုင်းအဝိုင်းတွေကြားမှာ နိုင်ငံအနာဂတ်ရင်သွေးတွေ အဖြစ်ရည်ရွယ် ပျိုးထောင်ပေးဖို့ ခေါ်ယူတာလို့ ဖြေရှင်းချက်ပေးထားတာကို ICJ က လက်မခံနိုင်ကြောင်းလည်း ဒီရက်ထဲ ထုတ်ပြန်ခဲ့ပါသေးတယ်။

နောက်ဆုံး နိဂုံးချုပ်လိုရင်ကတော့ ပူတင်ကို တကယ်ဖမ်းဆီးနိုင်မလားဆိုတာပါ။ ICC မှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့မရှိပါ ဘူး။ ဒါကြောင့် ICC အဖွဲ့ဝင်နိုင်ငံတွေက ရဲတပ်ဖွဲ့တွေ ဖမ်းပေးမှပဲ ဒီကိစ္စ အထမြောက်နိုင်ပါတယ်။ ရုရှားက ICC မှာ မပါတော့သလို ဒီအဖွဲ့ကိုလည်း အသိအမှတ်မပြုကြောင်း ဖြေရှင်းချက်ပေးထားပြီးဖြစ်တယ်။ အဖွဲ့ဝင် ၁၂၃ နိုင်ငံထဲမှာတောင် Rome Statute ကို လက်မှတ်ထိုးသဘောတူရခြင်းမရှိသေးတဲ့ ၄၂ နိုင်ငံရှိတော့ ဒီနိုင်ငံတွေက လည်း ဒီပုဒ်မနဲ့ ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ ပူတင်ကို ဖမ်းလို့မရနိုင်ဘူး။

ကျန်တဲ့ Rome Statute လက်မှတ်ထိုး ICC အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ပူတင်က သွားမှာကိုမဟုတ်သလို ပူတင်ကိုဖမ်းရင် ရင်ဆိုင်ရမယ့် ကြီးမားတဲ့ အကျိုးဆက်ကိုလည်း ရင်ဆိုင်ဖို့ ဆန္ဒရှိကြမှာ မဟုတ်ဘူး။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ နိုင်ငံတကာတရားရေးဌာန တွဲဖက်ဒါရိုက်တာ ဘယ်လ်ကီးဂျာရက်ချ်က ICC ရဲ့ဖမ်း၀ရမ်းဟာ ယူကရိန်းအပေါ် ကျူကျော်မှုမှာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေအပေါ် ဘာမှ အရေးမယူနိုင် တဲ့ဖြစ်စဉ်ကနေ ပထမခြေတစ်လှမ်းတက်လှမ်းလိုက်နိုင်တာဖြစ်တယ်လို့ သုံးသပ်တယ်။

ကုလလက်အောက်ခံ နိုင်ငံတကာအသိအမှတ်ပြု တရားရေးအဖွဲ့ ICJ ကပါ ရုရှားဟာ ယူကရိန်းကျူးကျော်စစ်မှာ အရပ်သားပြည်သူတွေ ကိုပစ်မှတ်ထား သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထပ်ပြီး အရေးယူကြောင်း ထုတ်ပြန်မှသာလျှင် ရုရှားမှာသာမက ကမ္ဘာမှာပါ ပုံရိပ်နဲ့ဩဇာကြီးမားတဲ့ ပူတင်ကိုပိုပြီး အကျိုးသက်ရောက်တဲ့ ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း၊ အိန္ဒိယ၊ တရုတ်စတဲ့ နိုင်ငံကြီးတွေကတောင် ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကို ရှုတ်ချခြင်းတောင်မလုပ်ခဲ့တဲ့ အခြေအနေအရ ICC ဖမ်း၀ရမ်းဟာ တကယ်လက်တွေ ဖမ်းဆီးရမိဖို့ မဖြစ်နိုင်သလောက်ရှိကြောင်း သုံးသပ်သွားခဲ့ ပါတယ်။

(The Week မဂ္ဂဇင်းမှ ဆောင်းပါးရှင် Web Desk ရဲ့ ICC arrest warrant for Putin: Can the Russian President actually be arrested? ကို အခြေပြု ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်)

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS
Uncategorized

တိုက်ပွဲကြားက ပင်လောင်း ဒေသခံ ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အသက်စွန့် ကယ်ထုတ်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို
Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်