Others

မသမာသူတွေက တော်လှန်ရေးမှာ PDF တွေရဲ့ဓါတ်ပုံအသုံးပြုပြီးငွေကြေးလိမ်လည်နေ၊ အကောင့်တု ၂၀၀ ကျော်ရှိ

မဲခေါင် 2 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂ စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ မသမာသူတချို့က PDF တွေရဲ့ ဓာတ်ပုံတွေနဲ့ အကောင့်တုတွေဖန်တီးပြီ ပြည်သူလူထုဆီကငွေကြေးလိမ်လည်တာတွေရှိနေတယ်လို့ တော်လှန်ရေးလူလိမ်အကောင့် ဖော်ထုတ်ရေးတွေကပြောပါတယ်။ စစ်ကောင်စီက တော်လှန်ရေးကို နှောင့်နှေးစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ၊ လောင်းကစားသမားတွေက အလွယ်ရတဲ့နည်းနဲ့ ပြည်သူလူထုရဲ့ သနားတတ်တဲ့စိတ်ကိုအသုံးချတာ၊ တော်လှန်ရေးကို ခုတုံးလုပ်ပြီး လိမ်လည်တာ၊ သေဆုံးခဲ့ရပြီးတဲ့ PDF တွေရဲ့ ပုံတွေနဲ့အလှူခံတာတွေပြုလုပ်နေတာပါ။ “လူလိမ်တွေက အကောင့်တွေကို နှစ်ကောင့်သုံးကောင့်ဖွင့်ပြီး အုပ်စုလိုက် သူတို့အစုအဖွဲ့နဲ့သူတို့ လိမ်တာတွေရှိတယ်၊ အခုဆို သုံးနှစ်တာအတွင်း လူလိမ်အကောင့်ပေါင်း ၂၀၀ ကျော်ရှိတယ်၊ တချို့ကအကောင့်တွေပြန်ဖျက်ပြီး ထပ်ဖွင့်တာတွေလည်းရှိတယ်”လို့တော်လှန်ရေးလူလိမ်အကောင့်ဖော်ထုတ်သူက ပြောပါတယ်။ မသမာသူလူလိမ်အကောင့်တွေကို တွေ့တဲ့အခါမှာ နီးစပ်ရာ ပြည်သူလူထုအချင်းချင်းမျှဝေပြီး report ထုတာ၊ လူလိမ်အကောင့်ဖော်ထုတ်ရေးအဖွဲ့တွေမှာသတင်းပေးတာတွေ

မဲခေါင်၊ ဒီဇင်ဘာ ၂

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ မသမာသူတချို့က PDF တွေရဲ့ ဓာတ်ပုံတွေနဲ့ အကောင့်တုတွေဖန်တီးပြီ ပြည်သူလူထုဆီကငွေကြေးလိမ်လည်တာတွေရှိနေတယ်လို့ တော်လှန်ရေးလူလိမ်အကောင့် ဖော်ထုတ်ရေးတွေကပြောပါတယ်။

စစ်ကောင်စီက တော်လှန်ရေးကို နှောင့်နှေးစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ၊ လောင်းကစားသမားတွေက အလွယ်ရတဲ့နည်းနဲ့ ပြည်သူလူထုရဲ့ သနားတတ်တဲ့စိတ်ကိုအသုံးချတာ၊ တော်လှန်ရေးကို ခုတုံးလုပ်ပြီး လိမ်လည်တာ၊ သေဆုံးခဲ့ရပြီးတဲ့ PDF တွေရဲ့ ပုံတွေနဲ့အလှူခံတာတွေပြုလုပ်နေတာပါ။

“လူလိမ်တွေက အကောင့်တွေကို နှစ်ကောင့်သုံးကောင့်ဖွင့်ပြီး အုပ်စုလိုက် သူတို့အစုအဖွဲ့နဲ့သူတို့ လိမ်တာတွေရှိတယ်၊ အခုဆို သုံးနှစ်တာအတွင်း လူလိမ်အကောင့်ပေါင်း ၂၀၀ ကျော်ရှိတယ်၊ တချို့ကအကောင့်တွေပြန်ဖျက်ပြီး ထပ်ဖွင့်တာတွေလည်းရှိတယ်”လို့တော်လှန်ရေးလူလိမ်အကောင့်ဖော်ထုတ်သူက ပြောပါတယ်။

မသမာသူလူလိမ်အကောင့်တွေကို တွေ့တဲ့အခါမှာ နီးစပ်ရာ ပြည်သူလူထုအချင်းချင်းမျှဝေပြီး report ထုတာ၊ လူလိမ်အကောင့်ဖော်ထုတ်ရေးအဖွဲ့တွေမှာသတင်းပေးတာတွေ ပြုလုပ်ကြဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ဒိအပြင် စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းထားတဲ့ ဓာတ်ပုံတွေကို ကူးယူပြီး ကိုယ်တိုင်က လှူဒါန်းနေသလိုဟန်ဆောင်ကာ အလှူခံတာတွေ၊ လူသိများတဲ့သူတွေရဲ့ဓာတ်ပုံတွေ နာမည်တွေကိုအသုံးပြုပြီး ဟန်ဆောင်လိမ်လည်တာတွေလည်း ရှိနေတယ်လို့သိရပါတယ်။

“ဒီပုံတွေက ကျွန်တော်လှူထားတဲ့ပုံတွေကို ယူသုံးထားတာ၊ သူလှူထားတာမဟုတ်ဘဲနဲ့ တခြားသူနားလိုက်အလှူခံနေတာ၊ ကျွန်တော်အသိတချို့ပါငွေတွေပါသွားတယ်” လို့ Karenni Hope က ကိုလွမ်းကပြောပါတယ်။

လူလိမ်တွေကြောင့် ပြည်သူလူထုရဲ့ ချွေးနည်းစာတွေ ဆုံးရှုံးရပြီး တော်လှန်ရေးကိုလည်း ထိခိုက်စေတာတွေကြောင့် လှူဒါန်းတဲ့သူတွေအနေနဲ့ သေသေချာချာစိစစ်ပြီးမှ လှူဒါန်းတာတွေ ပြုလုပ်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

CJ-004
#MekongNews
#PDF
#အကောင့်တု
#၂၀၀ကျော်
#လိမ်လည်
#အလှူခံ
#လူလိမ်အကောင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now