Uncategorized

သီပေါမှာ ဘုန်းကြီးကျောင်း မီးလောင်ပြီး ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးမှုဖြစ်ပွား

မဲခေါင် 14 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မဏိရတနာစံဖိတ် ကျောင်းတိုက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိပ်ပျော်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင် တစ်ပါး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မဏိရတနာစံဖိတ် ကျောင်းတိုက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိပ်ပျော်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင် တစ်ပါး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၉ နာရီကျော်က စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ် ဘုန်းကြီးကျောင်းမှာ ဘုရားမီး ပူဇော်ရာက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ သီပေါမြို့ မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဘုရားမီး ပူဇော်ရာတွင် အောက်ခံမပါဘဲ ဆီမီးထွန်း ပူဇော်ရာမှ မီးလောင်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းအတွင်း အိပ်ပျော်နေတဲ့ ၁၀ နှစ်အရွယ်က ကိုရင်လေး မီးလောင် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဘန်းကြီးကျောင်းကို သီပေါမြို့ မီးသတ်စခန်းမှ သွားရောက် ငြိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီခွဲကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#သီပေါမြို့နယ် #မီးလောင် #စံဖိတ်ကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်
Uncategorized

ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုသူများစာရင်းကို စစ်ကောင်စီထံ တင်ပြနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။