Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မဲခေါင် 24 May - 2023
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။

သတင်းကူးယူအသုံးပြုမှုများနှင့် ပတ်သက်၍ကြေညာခြင်း

စာအမှတ် – ၁/ ၂၀၂၃                                                                ရက်စွဲ။ ။ မေလ ၂၄ ရက် ၂၀၂၃ ခုနှစ်

မဲခေါင်သတင်းဌာနသည် ဒေသခံ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ရန်၊ ဒေသခံ ပြည်သူများ၏ အခက်အခဲများနှင့် ဖိနှိပ်ခံရမှုများကို ဖော်ထုတ်ရန်၊ အာဏာသိမ်း စစ်တပ်နှင့် လက်နက်ကိုင် များ၏ အနိုင်ကျင့် ဖိနှိပ်မှုများကို ဖော်ထုတ်ရန်၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို စာနယ်ဇင်းရှု့ထောင့်မှ မြှင့်တင်ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် သတင်းနှင့် သတင်းဆိုင်ရာ ဆက်စပ်သည်များကို ထုတ်လုပ် တင်ဆက်နေသည့် ရှမ်းပြည်အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။

ထိုသို့ တင်ဆက်ရာတွင် ပြည်သူလူထုထံ သတင်းအချက်အလက်များ မှန်ကန်စွာနှင့် မြန်ဆန်စွာ ပျံ့နှံ့ ရောက်ရှိနိုင်ရေးအတွက် ရပ်တည်ချက်တူသည့် သတင်းဌာနများနှင့် မဟာမိတ်ပြုလုပ်၍ သော်လည်ကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) ပြုလုပ်၍ သော်လည်ကောင်း သတင်းအချက်အလက် မျှဝေသုံးစွဲရန် သဘောတူထားရှိသည်။

ရှမ်းပြည်နယ် အခြေစိုက် သတင်းဌာနများ စုစည်းထားသည့် MASS- Media Alliances of Shan State အဖွဲ့ဝင်သတင်းဌာနများဖြစ်သည့် ရွှေဖီမြေသတင်းဌာန၊ Tachileik News Agency၊ ခမ်းသားငေါဝ်း၊ သျှမ်းသံတော်ဆင့် သတင်းဌာနများနှင့် လည်ကောင်း၊ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသတွင်း သတင်းများ ပျံ့နှံ့ရေး ရည်ရွယ် လုပ်ကိုင်နေသည့် KhamHti RadioTaunggyi Nway Oo Channel တို့နှင့်လည်ကောင်း သတင်းအချက်အလက်များ မျှဝေသုံးစွဲခြင်းနှင့် ပြန်လည်ကူးယူ ဖော်ပြခြင်းကို အပြန်အလှန်လုပ်ဆောင်နိုင်ကြောင်း သဘောတူညီထားသည်။

သတင်းများ ထုတ်လုပ် တင်ဆက်ရာတွင်လည်း သတင်းသမားများနှင့် Citizen Journalist များကို ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်အညီ ထိုက်သင့်သည့် လစာနှင့် စာမူခ ပေးအပ်ထားသည်။

မဲခေါင်သတင်းဌာန၏ သတင်းများကို ပြန်လည်ကူးယူ ဖော်ပြခြင်း၊ ပြန်လည်ရေးသား ဖော်ပြခြင်းများကို အာဏာသိမ်းစစ်တပ် လက်အောက်တွင် ထိန်းချုပ်ခံနေရသည့် ပြည်သူလူထု သတင်းအချက်အလက် သိပိုင်ခွင့် – Right to Access Information ကို ရှေးရှု့လျက် ကန့်သတ်ခြင်းများ မပြုလုပ်ခဲ့ပါ။

သို့သော် ယခုအခါ ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် မဲခေါင်သတင်းဌာနမှ သတင်းများကို ကူးယူဖော်ပြခြင်း၊ ပြန်လည်ရေးသားဖော်ပြခြင်း၊ ပုံစံပြောင်း၍ ပြန်လည်တင်ဆက်ခြင်းများ တွေ့ရှိလာရ သည်။

တဖက်တွင် အာဏာသိမ်း စစ်တပ်၏ ဖိနှိပ်မှုနှင့် ပြည်သူလူထု သတင်းအချက်အလက် သိပိုင်ခွင့် – Right to Access Information ကို ထည့်သွင်းစဉ်းစားသည် မှန်သော်လည်း တဖက်တွင် သတင်းထောက်များ၏ ဉာဏမူပိုင်ခွင့်၊ မြေပြင်သတင်းရယူရသည့် သတင်းထောက်များ၏ စွန့်စားလုပ်ကိုင်ရမှုတို့ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကိုယ်ကျိုးစီးပွား မပါဘဲ သတင်းပြန်လည်ကူးယူ ဖော်ပြသူများ၊ သဘောတူညီမှု ရယူထားသည့် သတင်းဌာနများမှလွဲ၍ ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုသူများ အနေဖြင့် မဲခေါင်သတင်းဌာန၏ သတင်းနှင့် သတင်းဆိုင်ရာ ထုတ်လုပ်မှုများကို ပြန်လည် အသုံးပြုလိုပါက အယ်ဒီတာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ သတင်းထောက်များကို ထိုက်သင့်သည့် အဖိုးအခ ပေးပြီးမှသာ အသုံးပြုကြရန် အလေးအနက် တောင်းဆိုသည်။

အယ်ဒီတာအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ပြန်လည်အသုံးပြုခြင်းကို စိစစ်တွေ့ရှိပါက မှတ်တမ်းပြုစုကာ ယုံကြည်စိတ်ချရသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများထံ ပေးပို့ခြင်း၊ အသစ်ပေါ်ပေါက်လာမည့် သတင်းမီဒီယာသမားများ လက်ခံသည့် ထိန်းညှိအဖွဲ့အစည်း (Regulatory Body) ထံ ပေးပို့တိုင်ကြားခြင်း၊ ပြည်သူများ လက်ခံသည့် အစိုးရတရပ် ပေါ်ပေါက်လာပါက ၎င်းအစိုးရ၏ သတင်းမီဒီယာ ဥပဒေအရ အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့

မဲခေါင်သတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
Uncategorized

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့
Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ