Uncategorized

ဝန်ထမ်းတွေ TikTok မသုံးရလို့ ဥရောပကော်မရှင် ပိတ်ပင်

မဲခေါင် 25 Feb - 2023
ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ဥရောပ ကော်မရှင်က ဆိုက်ဘာ လုံခြုံရေး အခြေအနေ စိုးရိမ်ရလို့ သူတို့ ဝန်ထမ်းအားလုံး TikTok လုံး၀ မသုံးဖို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ပါ တယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ဥရောပ ကော်မရှင်က ဆိုက်ဘာ လုံခြုံရေး အခြေအနေ စိုးရိမ်ရလို့ သူတို့ ဝန်ထမ်းအားလုံး TikTok လုံး၀ မသုံးဖို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ပါ တယ်။

တရုတ်နည်းပညာ ကုမ္ပဏီက ထုတ်ထားတဲ့ TikTok ဟာ Install လုပ်လိုက်တာနဲ့ ဖုန်းထဲက ကိုယ်ရေး အချက်အလက် တွေကို ခိုးယူသိရှိပြီး ဒီနည်းစနစ်ကနေ တရုတ်အစိုးရက နောက်ကွယ်ကနေ ကမ္ဘာ့အတွင်းရေး တွေကို လူ့အခွင့်အရေး ချိုးဖောက် ရယူနေတယ်လို့ ခိုင်ခိုင်မာမာ စွပ်စွဲမှုတွေ ရှိနေခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာတစ်လွှား လူသုံးများနေတဲ့ TikTok ကို အမေရိကန် အပါအဝင် ထိပ်သီး နိုင်ငံကြီးတွေက သူတို့ အစိုးရ ဝန်ထမ်းတွေ မသုံးဖို့ ပိတ်ပင်ထားမြစ်ခဲ့တာ လအနည်းငယ် ကြာခဲ့ပါပြီ။

TikTok ဟာ နိုင်ငံတကာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေ (DSA) ရဲ့ ဥပဒေ စည်းကမ်းတွေ အတိုင်း လူ့အခွင့်အရေး မချိုးဖောက်တဲ့ နည်းစနစ်တွေနဲ့ စက်တင်ဘာ ၁ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်နိုင်ခဲ့ရင်တော့ ဒီလို ပိတ်ပင်စရာ မလိုကြောင်း ဥရောပ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဆွန်ညာဂေါ်စပိုဒီနိုဗာ ကပြောပါတယ်။

လက်ရှိ ဥရောပ ကော်မရှင်မှာ ဝန်ထမ်း ၃၂,၀၀၀ ဝန်းကျင်ရှိနေပြီး သူတို့သက်ဆိုင်ရာ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းတွေမှာ မတ် ၁၅ ရက်နေ့ မတိုင်ခင် TikTok ကို ဖျက်ပစ်ရမှာ ဖြစ်တယ်လို့လည်း ဂေါ်စပိုဒီနိုဗာက အတည်ပြုပါတယ်။

Ref: bgr
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်
Uncategorized

ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုသူများစာရင်းကို စစ်ကောင်စီထံ တင်ပြနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။