Uncategorized

လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတပြော

မဲခေါင် 14 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ၆ /၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ အခုလို ပြောကြားခဲ့တာပါ။

“ ကျွန်တော်တို့ဟာ ယေဘုယျ ရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ။ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည် တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရ အဖွဲ့ဝင် အားလုံးကို သိစေချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ပြီးလို့ ၃ နှစ်တာ ကာလထဲကို ချည်းနင်း ဝင်ရောက်လာမှုမှာ တိကျတဲ့ နိုင်ငံရေး ရလဒ်တွေ ထွက်ဖို့ ကြိုးစားကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၄) နှစ်မြောက်နေ့ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့လို့ ဝမ်းသာ ပီတိဖြစ်ရတဲ့ အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ သဝဏ်လွှာတွေကို လက်ခံရရှိလို့လည်း အားရကျေနပ်မိတယ်လို့ သူကဆိုပါတယ်။

ပြည်ထောင်စုရေး၊ ဖက်ဒရယ်ရေး အတွက် မဟာမိတ် အစုအဖွဲ့ အသီးသီး၊ တိုင်းရင်းသား ခေါင်းဆောင် အများအပြားက သဘောထားဆန ္ဒမျှဝေချက်တွေကို အသိအမှတ်ပြု လေးစားတယ်လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာ ဖက်ဒရယ်အရေး အတွက် အင်အားစုတွေ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတာဟာ နွေဦး တော်လှန်ရေးရဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်၊ နိုင်ငံရေး ဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ် ဆိုတာကို အထင်အရှား ပြနေတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ပြည်တွင်း‌ရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ မဟာမိတ် ဆက်ဆံရေး ဖြစ်ထွန်းဖို့ ကြိုးစားရမယ်လို့လည်း သူက တိုက်တွန်းပါတယ်။

“ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းရေး ကိစ္စတွေဟာ ပထဝီနိုင်ငံရေး ကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင် နေပါတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေး အပေါ် မတူတဲ့ သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်း တည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ထန်တလန်မြို့မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ ခုခံတော်လှန် တိုက်ပွဲကိုလည်း သူက ချီးမွှမ်း ဂုဏ်ပြုပါတယ်။

“ စစ်ကိုင်းတိုင်းဒေသနဲ့ ဆက်စပ်ပြီးတော့ ချင်းပြည်နယ်ရဲ့ ခုခံတော်လှန်စစ်ကလည်း မြေပြင် စိုးမိုးမှုကို ခြေကုတ်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာ လူထု အားကိုးအားထားရတဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ်တွင်းက ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဦးညွှတ်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်” လို့ သူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ Chain of Command ထဲမှာ အခုထက် ပိုမိုကျစ်လစ် စုစည်းနိုင်ဖို့ လိုအပ်ကာ ခုခံတော်လှန်စစ်မှာ အမိန့်ပေး ကွပ်ကဲမှု စည်းစနစ်ကျနရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးနည်းအရ ခေါင်းဆောင်မှု ပေးရာမှာရော စစ်ရေးအရ စီမံကွပ်ကဲရာမှာ NUG အစိုးရ အဖွဲ့ဝင်တွေ ဂရုတစိုက် လုပ်ဆောင်ရလိမ့်မယ်လို့ သူကပြောပါတယ်။

“ အဲသည်လို လုပ်ဆောင်ရာမှာ မိမိတို့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော်အမြင် ကိုလည်း ပိုမိုအားကောင်းအောင် တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ လူထုကို ခေါင်းဆောင်တဲ့ သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး” လို့ ယာယီသမ္မတက ထောက်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေး အမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင် တော်လှန်ရေးတပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်ဖို့ တည်ဆောက်ထားမှသာ နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှားပြနိုင်မယ်လို့ သူက ထပ်မံပြောကြားပါတယ်။

MK-003
#MeKongNews
#ယာယီသမ္မတ
#NUG
#ဖက်ဒရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS
Uncategorized

တိုက်ပွဲကြားက ပင်လောင်း ဒေသခံ ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အသက်စွန့် ကယ်ထုတ်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို
Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court (ICC) က ရုရှားသမ္မတပူတင်ကို ယူကရိန်းက ကလေးငယ်ပေါင်း အနည်းဆုံး ၁၆၀၀၀ ကို
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။