Uncategorized

ရှမ်းပြည်နယ်တဝှမ်း စစ်ကောင်စီဝန်ထမ်းတွေ ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်နေ

မဲခေါင် 7 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့တွေက ဝန်ထမ်းတွေက ဦးဆောင်ပြီး လောင်းကစား ဝိုင်းတွေ ဖွင့်လှစ်လာနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောကြပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့တွေက ဝန်ထမ်းတွေက ဦးဆောင်ပြီး လောင်းကစား ဝိုင်းတွေ ဖွင့်လှစ်လာနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောကြပါတယ်။

ဒါကြောင့်လည်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလော၊ အောင်ပန်းစတဲ့ မြို့တွေ ရှမ်းမြောက်ပိုင်းက လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သန္နီ၊ တန့်ယန်း အစရှိတဲ့ မြို့တွေမှာ အာဏာ မသိမ်းခင် အရင်ကတည်းက လောင်းကစားဝိုင်းတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုပြီးတော့ များလာ တယ်လို့ သိရတယ်။

“တိုင်မယ့်သူရှိရင်လည်း တိုင်တဲ့သူကို အရင်ဖမ်းမယ်ဆိုပြီး ခြမ်းခြောက်ထားတယ်”လို့ ရှမ်းပြည်နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။

ပျော်ပွဲရွှင်ပွဲတွေကို အကြောင်းပြပြီး ခြိမ့်ခြိမ့်သဲကျင်းပလာကြတဲ့အပြင် ပွဲလမ်းသဘင်မရှိလည်း ပုံမှန်လောင်းကစားလို့ရအောင် ရပ်ကွက်တိုင်းမှာ ခြေကုပ်ရယူပြီး ဖွင့်လှစ်လာကြတယ်လို့ သိရပါတယ်။

“လောင်းကစားဝိုင်းတွေမှ အများကြီးရေတွက်လို့မကုန်၊ ဘုရားပွဲတို့ နှစ်ကူးပွဲတို့ဆိုရင် ဈေးတန်းကြီးလို မျက်စိတဆုံး၊ မြို့စွန်တွေမှာဆိုအမြဲရှိတယ် တစ်လမ်းကို နှစ်ရုံ၊ သုံးရုံရှိတယ်” လို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကစပြီး အောင်ပန်းမြို့အနီးက လွယ်စောင်၊ လွယ်မခံ စတဲ့ရွာတွေမှာ တစ်လတစ်ရွာနှုန်းနဲ့ လောင်းကစားဝိုင်းတွေ တစ်နှစ်ပတ်လုံးနားရက်မရှိကျင်းပနေပြီး လက်ရှိအချိန်ထိလည်း ဥမင်ရွာမှာ လောင်းကစားဝိုင်းတွေရှိနေတယ်လို့ ပြောပါတယ်။

“ရဲက တရားဝင်သယောင် လိုင်းကြေးယူပြီး လက်ခံဖွင့်လှစ်တယ်။ သူတို့တင်မကဘူး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လည်း အခွန်ပေးဆောင်ကြရပါတယ်။ ရဲက လောင်းကစားဝိုင်းတွေကို မဖမ်းဘူး” လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်၂၀၁၉ ခုနှစ်ကတည်းက လောင်းကစားဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း ထားပြီး ဥပဒေတွင် လောင်းကစားသူများကို ဝရမ်းထုတ်စရာ မလိုဘဲ ဖမ်းဆီးခွင့်ပေးထားတဲ့ အထိ တင်းကြပ်ထားပါတယ်။

သို့သော်လည်း ရှမ်းပြည်နယ်တလျောက်ရှိ လောင်းကစားဝိုင်းများတွင်မူ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များကိုယ်တိုင် ဖွင့်လှစ်၍ တမျိုး၊ လိုင်းကြေးယူ၍ တဖုံ ဖွင့်လှစ်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့်လည်း လောင်းကစားဥပဒေအရ အနည်းဆုံးထောင်ဒဏ် တစ်လကနေ ဆယ်နှစ်၊ ငွေဒဏ် အနည်းဆုံး ငါးသောင်းကျပ်ကနေ ဆယ်သိန်းကျပ်ထိ ပြဋ္ဌာန်းထားပေမယ့် ရှမ်းပြည်နယ်ထဲမှာတော့ ဒီလိုလောင်းကစားပြစ်မှုအတွက် ဒေသတွင်းတာဝန်ရှိသူတွေက အရေးယူမှုတွေ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

လောင်းကစားဝိုင်းတွေကြောင့် ရှမ်းပြည်နယ်ထဲက မြို့ပေါ်နဲ့ ကျေးရွာဒေသမကျန် မိသားစုပေါင်းများ စွာဘဝပျက်ပြီး အိမ်ကြီးအိမ်ကောင်းပေါ်က ဆင်းပေးရတဲ့ထိ ဒုက္ခရောက်ကြတဲ့သူတွေရှိလာတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

“မြို့ပေါ်ကသူတွေလည်းကုန်၊ တောကသူတွေလည်းကုန်လာကြတော့ ခိုးဆိုးလုယက်မှုတွေဖြစ်ခဲ့ပါတယ်။ တချို့ဆိုသားမယားကွဲတဲ့အဆင့်တွေရောက်ကုန်ပြီ။ တစ်နှစ်ပတ်လုံး နားရက်မရှိပါ။ ဒီလောင်းကစားဝိုင်းပျက်သွားအောင် ကူညီပေးစေချင်ပါတယ်” လို့ ရှမ်းပြည် ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ပေါ်မှာ လောင်းကစားဝိုင်းတွေတိုးလာတဲ့နောက်ပိုင်း လိုင်စင်ကားတွေ မကြာခဏပျောက်တာနဲ့ တစ်ရက်ကို ဆိုင်ကယ် ၁၀ စီးထိ ပျောက်တာတွေရှိလာတဲ့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့မှာ နေအိမ်ထဲထိဝင်ရောက်ခိုးယူမှုနဲ့ ၁၄ ရက်နေ့မှာ အိမ်စီးကားတစ်စီး လုယူခံရတာတွေရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့မှကဆိုရင် တရုတ်နှစ်သစ်ကူးအတွက် ဆိုပြီး စစ်ကောင်စီ စစ်တပ်အရာရှိတစ်ယောက် ဦးဆောင်ဖွင့်ပေးတဲ့ လောင်းကစားဝိုင်းက ပြန်လာသူတွေ ဓားထောက်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောင်းကစားဝိုင်းတွေမှာ အိမ်ထောင်ဦးစီး အမျိုးသားတွေကို အများဆုံးတွေ့ရပေမယ့် အိမ်ရှင်မတွေ ကလေးကိုပါ ခေါ်လာပြီးကစားနေတာကိုလည်း တွေ့မြင်ရတယ်လို့ သိရပါတယ်။

လူငယ်လူရွယ်တွေနဲ့ မူးယစ်ဆေးစွဲနေတဲ့ သူတွေကိုလည်း တွေ့ရပြီး မူးယစ်ဆေးရောင်းတဲ့လူတွေရဲ့ စားကျက်နဲ့ ဈေးကွက်လည်း ဖြစ်နေတယ်လို့ ရှမ်းမြောက် ဒေသခံတစ်ဦးထံက သိရပါတယ်။

လောင်းကစားဝိုင်းတွေမှာ မူးယစ်ဆေးဝါးပြဿနာတွေတင်မကဘဲ ဒေါသအလျောက် ခိုက်ရန်ဖြစ်ပွား ရိုက်နှက်မှုတွေ၊ သတ်ဖြတ်မှု တွေလည်း ရှိနေတယ်လို့သိရပါတယ်။

MK – 009

#MeKongNews

#လောင်းကစား

#ရှမ်းပြည်နယ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်
Uncategorized

ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုသူများစာရင်းကို စစ်ကောင်စီထံ တင်ပြနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။