Uncategorized

ရွှေပြည်သာမှာ ဧည့်စာရင်းလာတိုင်တဲ့ လူငယ်ကို ရုံးစာရေးက သံတုတ်နဲ့ရိုက်လို့ ခေါင်းကွဲသွား

မဲခေါင် 23 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၂၅) ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရပ်ကွက်ရုံးမှာ ဧည့်စာရင်း လာတိုင်တဲ့ လူငယ် တစ်ဦးကို ရပ်ကွက်ရုံး စာရေးက သံတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၂၅) ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရပ်ကွက်ရုံးမှာ ဧည့်စာရင်း လာတိုင်တဲ့ လူငယ် တစ်ဦးကို ရပ်ကွက်ရုံး စာရေးက သံတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်က ဧည့်စာရင်း လာတိုင်တဲ့ လူငယ်ကိုဧ ည့်စာရင်း ရက်ကျော်တဲ့ ကိစ္စနဲ့ စကားများရာမှ ရုံးစာရေးက သံတုတ်နဲ့ ရိုက်ခဲ့တဲ့ အတွက် လူငယ်မှာ ခေါင်းကွဲသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“ ဧည့်စာရင်းတိုင်တာ ရက်ကျော်နေတော့ ရုံးဘက်က ပြောတယ်။ အဲ့ကနေစပြီး တစ်ယောက်တစ်ခွန်းနဲ့ စကားများပြီး ဖြစ်ကြတာ။ အရိုက်ခံရတဲ့ ကောင်လေးကလည်း ပြန်ပြောတော့ ရုံးစာရေးက သံတုတ်နဲ့ ရိုက်လိုက်တာ။ ကောင်လေးကတော့ ခေါင်းကွဲသွားတယ်” လို့ သူကပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ပြည်သူတွေကို နှိပ်စက်အနိုင်ကျင့်မှုတွေ နေ့စဉ် ဖြစ်ပွားနေပြီး လုယက်မှုတွေ ခိုးမှုတွေ နေ့စဉ် ဖြစ်နေပေမယ့် ဖမ်းဆီးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက သေနတ်တွေ ပေးထားပြီး ညတိုင်း မူးယစ် သောက်စားကာ သေနတ် ပစ်ဖောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၂ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြင်သစ် အောက်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တို့ မနေ့က
Uncategorized မြန်မာ့နွေဦး

စစ်ကောင်စီကို ဒုဝန်ကြီးချုပ် ၅ နေရာနဲ့ ပြင်ဆင်ဖွဲ့စည်း၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်  စစ်ကောင်စီဝင်အဖြစ် ရွှေ့ပြောင်းခံရ

အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ ဒီကနေ့မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဒုဝန်ကြီးချုပ် ၅ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
Uncategorized

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကျုံဒိုးမြို့ပေါ်နဲ့ ကျေးရွာကဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရ

မဲခေါင်၊ ဇန်နဝါရီ ၂၄ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့ပေါ် အပါအဝင် ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Uncategorized

မြန်မာ၊ ကမ္ဘောဒီးယား လူမှောင်ခိုသမားများနဲ့ ဖိလစ်ပိုင် လ၀က အရာထမ်းများ ပူးပေါင်းနေဟု ထုတ်ပြန်

မဲခေါင်၊ ဇန်နဝါရီ ၂၁ ဖိလစ်ပိုင်နိုင်ငံသား လူငယ်နဲ့ အမျိုးသမီးငယ်အချို့ဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူမှောင်ခိုသမားတွေလက်ထဲရောက်ရှိခဲ့ခြင်းက လူဝင်မှုကြီးကြပ်ရေးအရာရှိ ၃ ဦး ပါဝင် ပူးပေါင်းခဲ့တယ်လို့ သံသယရှိကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနာဆန်ဒိုဗယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Uncategorized

KNU တပ်မဟာ (၃) ထိမ်းချုပ်နယ်မြေမှာ ဖြစ်ပွားတဲ့ ၁၅ ရက်တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အပါအဝင် ၄၇ ဦး သေဆုံး

မဲခေါင်၊ ဇန်နဝါရီလ ၂၁ KNU-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်-ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွေမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ဒုတပ်ရင်မှူး
Uncategorized

စစ်ကောင်စီလက်နက်အင်အားတောင့်အောင် ပံ့ပိုးနေတဲ့အထဲ ဒီမိုကရေစီနိုင်ငံကြီးတွေပါဝင်နေတယ်လို့ဆို

ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်နဲ့နည်းပညာကုန်ကြမ်းတွေ ပံ့ပိုးရောင်းချနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး ၁၃ နိုင်ငံရှိနေပြီး ဒီအထဲမှာ အမေရိကန်၊ ဂျပန်၊