Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင် 20 Mar - 2023
မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၂၀

နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့ပါတယ်။

အဆိုပါ ဘုန်းကြီးကို တပ်ကုန်းမြို့နယ်၊ သံဃာ့နာယက အဖွဲ့မှ မတ်လ ၁၉ ရက်နေ့က ခေါ်ယူပြီးနောက် ဆုံးမ သြဝါဒပေးကာ ခံဝန် လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ တပ်ကုန်းနားမှာပဲ သူ့ကျောင်းက ရှိတယ်။ တောထွက် ဘုန်းကြီးလို့ ပြောရမှာပေါ့။ ဓာတ်ပုံတွေ အရမ်းပျံ့နှံ့လာတော့ စုံစမ်းရတာလေ။ နောက်မှ အဲဒီ ဘုန်းကြီးကို ရှာတွေ့တော့ သွားပင့်ပြီး ခေါ်ရတာ။ ဒီမှာတော့ မြို့နယ်သံဃာ့နာယက အဖွဲ့ သတိပေး ခံဝန်ထိုးခိုင်းတယ်။ ကျန်တာတော့ ဆရာတော်တွေ ဆုံးမပြီး ပြန်ခိုင်းလိုက်ပါတယ်” လို့ သူကပြောပါတယ်။

သင်္ကန်းဝတ် ဘုန်းကြီးနဲ့ မယ်သီလရှင်တွေ Tik Tok ကစားပြီး လူမှုကွန်ရက်မှာ တင်တဲ့အတွက် သာသာနာရေးဝန်ကြီးဌာနက တားမြစ်ထားပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေ မရှိလို့ အခုလိုတွေ ဖြစ်နေတာလို့ ကျောင်းထိုင် ဆရာတော် တစ်ပါးက မိန့်ပါတယ်။

“ ခက်တာက မကောင်းကျောင်းပို့က စတာလေ။ ခဏလာဝတ်ပြီး သူတို့က ဆော့ပြသွားတယ်။ နောက်က ကိုယ်တော်တွေကလည်း လိုက်ဆော့ကြနဲ့ ဖြစ်ကြတာ။ ဘုရားကတော့ သင်္ကန်း ၃ ထည်ကလွဲလို့ ဘာမှ မဆောင်ခိုင်းဘူး။ ခုခေတ်ကတော့ အဲ့လို ရဟန်းသံဃာ မရှိသလောက် ဖြစ်နေပြီ။ ဒီတော့ ကိုးကွယ် ယုံကြည်သူတွေလည်း ကြည်ညိုမှု ပျက်ပြားတာပေါ့။ ခုဖြစ်နေတာက ရဟန်းက ရဟန်းအလုပ် မလုပ်ဘူး။ လူတွေကြားထဲ ဟိုနေရာပါ ဒီနေရာပါတော့ ကိုးကွယ်ယုံကြည်မှု ဆိုတာထက် ဗုဒ္ဓဘာသာကို အခြား ဘာသာဝင်တွေက လှောင်ပြောင်စရာ ဖြစ်လာတာ” လို့ ဆရာတော်က မိန့်ကြားပါတယ်။

မြန်မာနိုင်ငံမှာ ရဟန်းသံဃာနဲ့ မယ်သီလရှင် ဦးရေပေါင်း ၆ သိန်း ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့
Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ
Uncategorized

ညောင်လေးပင်မှာ စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်

မဲခေါင်၊ မေ ၅ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့