Uncategorized

ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုသူများစာရင်းကို စစ်ကောင်စီထံ တင်ပြနေရ

မဲခေါင် 26 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

“ အဓိကထားပြီးစာရင်းပေးနေရတဲ့​ မြို့နယ်အချို့ရှိတယ်။ မြေနီကုန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံမြို့နယ်မှာရှိတဲ့ တည်းခိုခန်းကအစ ဟိုတယ်မိုတယ်နဲ့ အင်းတွေကအစ လာတည်းတဲ့စာရင်းတွေပေးရတယ်။ တချို့ဆို အချိန်ပိုင်းနေရင်တောင် မှတ်ပုံတင်ပေးပြီးမှနေလို့ရတဲ့ ပုံစံမျိုးဖြစ်နေပြီ။ ဒီလလောက်ကစပြီး PDF တွေရန်ကုန်ထဲဝင်လာပြီဆိုတဲ့သတင်းတွေထွက်လာတယ်။ အဲ့လိုထွက်ပြီးနောက်ပိုင်းမှာ ရန်ကုန်တစ်မြို့လုံးမှာ ဖွင့်နေတဲ့တည်းခိုခန်းဟိုတယ်ကအစ စာရင်းအတိအကျပေးရတယ်။ သူတို့လာစစ်လို့ စာရင်းနဲ့မကိုက်ရင်တော့ကိုယ်လည်းအဖမ်းခံပြီး စစ်ဆေးခံရမယ်လို့ပြောထားတယ်” လို့သူကပြောပါတယ်။

လာရောက်တည်းခိုသူစာရင်းကို ယခင်ကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းများကိုသာ တည်းခိုသူများ၏ စာရင်းကိုပေးအပ်ရပြီး ယခုအခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှလည်း စာရင်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့နောက်ဆုံးတင်ပို့ရတယ်လို့ တည်းခိုခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

“ ၂၄ ရက်နေ့ညကပိုင်းကလာတည်းတဲ့ လူငယ်တစ်ယောက်ကို အုပ်ကြီးနဲ့ရဲတွေရိုက်ပြီးလာခေါ်တာဖြစ်သွားတယ်။ ဘာလို့ရိုက်ပြီးဖမ်းတာလည်းတော့သေချာမသိဘူး။ ညပိုင်း ၁၀ နာရီကျော်လောက်ပဲရှိသေးတယ်။ တည်းခိုခန်းပိုင်ရှင်တွေကိုတော့ဖမ်းဆီးတာတွေမရှိဘူး။ စစ်ကားနဲ့ဆိုင်ကယ်တွေပဲပါတယ်။ ရိုက်တာကတော့ ရပ်ကွက်အုပ်ကြီးကရိုက်ပြီး စစ်ကားပေါ်တင်သွားတာ” လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းတိုင်ကြားရာတွင်လည်း စာရင်းအတိအကျနဲ့ တိုင်ကြားနေရပြီးသတင်းရတဲ့နေရာတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးနေကြပြီး ဧည့်စာရင်းတိုင်ကြားမှုမရှိတဲ့သူတွေကို ဖမ်းဆီးပြီးနောက် ငွေကြေးတောင်းခံပြီး ခံဝန်ရေးထိုးခိုင်းပြီးနောက် ပြန်လွှတ်ပေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်
Uncategorized

ဝန်ထမ်းတွေ TikTok မသုံးရလို့ ဥရောပကော်မရှင် ပိတ်ပင်

ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ဥရောပ ကော်မရှင်က ဆိုက်ဘာ လုံခြုံရေး အခြေအနေ စိုးရိမ်ရလို့ သူတို့ ဝန်ထမ်းအားလုံး TikTok လုံး၀ မသုံးဖို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ပါ တယ်။